Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ- မန္တ​လေးလမ်းပိုင်းတွင် မုံရွာခရိုင် စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူအဖွဲ့နှင့်တိုးပြီး တိုက်ပွဲဖြစ်

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။

မုံရွာ- မန္တ​လေးလမ်းပိုင်းတွင် မုံရွာခရိုင် PDF စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူအဖွဲ့နှင့်တိုးပြီး တိုက်ပွဲဖြစ်
မုံရွာ- မန္တ​လေးလမ်းပိုင်းတွင် မုံရွာခရိုင် PDF စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူအဖွဲ့နှင့်တိုးပြီး တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ဆင်ရေးပြင်ဆင်နေစဥ် ပျူစောထီးအဖွဲ့နှင့်တိုးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(Chindwin Attack Force)ပြန်ကြား​ရေးတာဝန်ခံက​ ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။

တိုက်ပွဲချိန်အတွင်း ပျူများအား မိုင်းဆွဲတိုက်ခိုက်မှု၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးကြောင်း အထက်ပါပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

PDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ ​​ဘေးကင်းရာသို့​ရောက်ရှိပြီဖြစ်​ကြောင်းလည်း ၎င်းက ​ပြောသည်။

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်​နေ​ကြောင်းလည်း အသိ​ပေးသည်။

“Chindwin Attack Force ကထိုးစစ်ဆင်နေတာမို့ ပြည်သူ​တွေစစ်​ကောင်စီတပ်​​တွေနဲ့​ဝေးရာမှာ​နေ​ပေးကြပါ ။ ထိုးစစ်ဆင်နေတဲ့အတွက် လက်နက်ခဲယမ်း​ ကျည်​တွေအတွက်လည်းကူညီနိုင်တာကူညီ​ပေးကြပါ”ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(Chindwin Attack Force) ပြန်ကြား​ရေးတာဝန်ခံက​ဆက်ပြောသည်။

ထို့အပြင် NUG အ​နေဖြင့်လည်း လက်နက်ခဲယမ်း​များပိုမိုဖြည့်ဆည်း​ပေးရန် တင်ပြလို​ကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂၊ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖာပွန်ခရိုင်တွင်လည်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများကို တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

သတင်း

ပြည်သူများ အနေဖြင့် စစ်ကော်စီတပ် စစ်ကြောင်းများရှိပါက စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းများသို့ မသွားစေလိုဟုလည်း ထီးလင်း PDFက ​မေတ္တာရပ်ခံထားသည်။

သတင်း

လတ်တလောတွင်လည်း NUG အစိုးရ၏ တစ်နှစ်တာစီမံချက်အတွင်း မြို့ပြတော်လှန်ရေးအဖွဲ့များ စနစ်တကျလိုက်ပါဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး တစ်နှစ်အတွင်း တော်လှန်ရေးအဖြေထွက်နိုင်ရန် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ အရေးအကြီးဆုံးဖြစ်ကြောင်း အသိပေးသည်။

သတင်း

ယနေ့နံနက် ၃ နာရီ ၄၅ ခန့်က မူးတိန်ရွာမှ ကင်းစောင့်နေသော ပျူစောထီးအဖွဲ့ကို TRF ဒရုန်းအဖွဲ့က (၄၀)မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။