Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်နှစ်ပြည့် နွေဦးပျောက်ကျားတပ်ဖွဲ့

ကျွန်းဆွယ်သေးသေးလေးတစ်ခုပေါ်တွင် စတင်စုဖွဲ့ ဖွဲ့စည်းခဲ့သော မိမိတို့နွေဦးပြောက်ကျားတပ်ဖွဲ့သည် ယနေ့ အောက်တိုဘာလ(၉)ရက်တွင် အစုအဖွဲ့အားဖြင့် တော်လှန်ရေးခရီးကြမ်းတွင် ဖြတ်လျှောက်လာခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

တစ်နှစ်ပြည့် နွေဦးပျောက်ကျားတပ်ဖွဲ့
တစ်နှစ်ပြည့် နွေဦးပျောက်ကျားတပ်ဖွဲ့

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာသည်အထိ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ LPDF(Local)များနှင့် ပူးပေါင်းပြီး အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ကတိပေးလိုက်သည်။

ကျွန်းဆွယ်သေးသေးလေးတစ်ခုပေါ်တွင် စတင်စုဖွဲ့ ဖွဲ့စည်းခဲ့သော မိမိတို့နွေဦးပြောက်ကျားတပ်ဖွဲ့သည် ယနေ့ အောက်တိုဘာလ(၉)ရက်တွင် အစုအဖွဲ့အားဖြင့် တော်လှန်ရေးခရီးကြမ်းတွင် ဖြတ်လျှောက်လာခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

နွေဦးပြောက်ကျားတပ်ဖွဲ့သည် ရင်းနှီးရာရင်းနှီးကြောင်းတွေဆီကနေရတဲ့ အထောက်အပံ့လေးများနှင့် ရပ်တည်ရင်း လက်လုပ်သေနတ်များအား ရသမျှစုစည်းပြီး စစ်အာဏာရှင်ထောက်တိုင်များကို ရသည့်နည်းလမ်းဖြင့် တွန်းလှန်တိုက်ခိုက်ရင်းမှသည် ယခုဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တုံ့ပြန်တိုက်ခိုက်လာနိုင်ပြီဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍လည်း တစ်နှစ်အတွင်းရရှိလာခဲ့သော မဟာမိတ်ဆက်ဆံရေး၊ စစ်ရေး စသည့် အတွေ့အကြုံများအပေါ်အခြေခံပြီး ရှင်းလင်းပြတ်သားစွာ ချမှတ်ထားသည့် အခြေခံမှုနှင့် ဦးတည်ချက်များအတိုင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာသည်အထိ အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့မှ ပြည်သူလူထုအပေါ် ကတိပေးအပ်ထားခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဈေးရောင်းပွဲတွင် မြန်မာအစားအသောက်မျိုးစုံ ၊မြန်မာအဝတ်အထည်မျိုးစုံနှင့် မြန်မာ့လက်မှု့အနုပညာအမျိုးမျိုးတို့ ရောင်းချခဲ့ကြပြီး ရံပုံငွေရှာဖွေခဲ့ကြသည်။

သတင်း

ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက်မှာလည်း အာဏာသိမ်းချိန်မှ ၂၀၂၂ ဩဂုတ်လကုန်ထိ စုစုပေါင်း (၇၆၀) ခုထက်မနည်းရှိခဲ့သည်။

ဆောင်းပါး

တော်လှန်ရေးကို ပံ့ပိုးပေးပြီး ပြန်လည် တည်ဆောက်ရေးတွေ ဆောင်ရွက်မယ့် အစီအမံတွေက သေချာပေါက် အလုပ်ဖြစ်ပါ့မယ်လို့တော့ အာမခံနိုင်မှာ မဟုတ်ပါဘူး။ အမှားအယွင်းတွေ အများကြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။