Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းလှနယ် ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၆) ရွှေဘို Taze Revolution Force-TRFနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် နေစဥ်၊ဓာတ်ပုံ-TRF
ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် နေစဥ်၊ဓာတ်ပုံ-TRF

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ဆင်စွယ်ရဲကင်းစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Taze Revolution Force-TRF က ထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၉ရက်) နံနက် ၁၁နာရီခန့်က ရွှေဘိုနှင့်ကန့်ဘလူ ဒေသကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲကင်းစခန်းကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးတစ်လုံး၊ လက်လုပ်ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Taze Revolution Force-TRF က ပြောသည်။

“ပျူစောထီးနှင့်စစ်​ွေးများနားနေသော သစ်ပင်ရိပ်အောက် တည့်တည့်ကျသွားပြီး သေနတ်များလည်း ရမ်းသမ်းပစ်ခတ်နေပါတယ်။ထိခိုက်မှုတိတိကျကျမသိရသေးပါ။”ဟု Taze Revolution Force-TRF က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၆) ရွှေဘို Taze Revolution Force-TRFနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ TRFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

TRFအဖွဲ့သည် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် (၄၀)မမ ဗုံးသီးချကာ တိုက်ခိုက်ခဲ့​သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ၁နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရုတ်တရက်လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာနေပြည်သူအများစု ကျေးရွာအတွင်း​၌ ပိတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

ကာမီကာဇီ ဒရုန်းတွေ ထိမှန်တဲ့အတွက် ဘီလာ ဆက်ခ်ဗာက လူနေတိုက်တစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး တခြား အခြေခံ အဆောက်အအုံတွေလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လူအသေအပျောက် ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

သတင်း

အနီးပတ်ဝန်းကျင်တွင် နေထိုင်သောပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာ

အီရန်ဟာ ရုရှားကို လက်နက် ထောက်ပံ့ ရောင်းချမှုတွေ မရှိကြောင်း ပြောဆိုထားပေမယ့် ယူကရိန်းမှာ အီရန်ဒရုန်းတွေ အမြောက်အမြား တွေ့မြင်လာရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ဘာမှ မဖြေရှင်းဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။