Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ

မြေကိုက်ခံရသူ စစ်ရှောင် ပြည်သူ ၂ ဦးဟာ အသက် ၁၄ နှစ်အရွယ်ကျောင်းသား နဲ့အသက် ၃၀ အရွယ်လူလတ်ပိုင်းအမျိုးသားတို့ဖြစ်တယ်လို့သိရပါတယ်။

ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ
ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထဲက စစ်ဘေးရှောင်ပြည်သူ ၂ဦး ဒီနေ့မနက်ပိုင်းက မြေကိုက်ခံရလိုက်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

မြေကိုက်ခံရသူ စစ်ရှောင် ပြည်သူ ၂ ဦးဟာ အသက် ၁၄ နှစ်အရွယ်ကျောင်းသား နဲ့အသက် ၃၀ အရွယ်လူလတ်ပိုင်းအမျိုးသားတို့ဖြစ်တယ်လို့သိရပါတယ်။

ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ
ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ

၂ ဦးလုံးကို မြွေဆိပ်ဖြေဆေး ထိုးပေးထားပေမယ့် ကျောင်းသားလေးဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေသခံကျန်းမာရေးဝန်ထမ်းတွေ ရဲ့ပြောပြချက်ကို ကိုးကားပြီး ကျွန်းလှတက်ကြွသူများအဖွဲ့က ပြောထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ ကန့်ဘလူနယ်မြောက်ခြမ်းမှာ ဒီနှစ် ဇွန်လ ကစတင်ပြီး စစ်ရှောင်ခဲ့ရကာ စစ်ရှောင်ပြည်သူ ၂၀ ဦးအထိမြွေကိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

မြွေကိုက်ခံရသူတွေထဲမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ၊မြွေဆိပ်ဖြေဆေး အလွယ်တကူမရတာတွေကြောင့် ပြည်သူ ၂ ဦး အသက်ဆုံးပါးခဲ့ရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ချိုးဖြူပြောက်ကျားတပ်ဖွဲ့(PST)တပ်ခွဲမှသီတင်းကျွတ်လပြည့်နေ့အကြို ကုသိုလ်ကောင်းမှုအနေဖြင့်အောက်တိုဘာ ၇ ရက်ကစစ်ဘေးရှောင်ပြည်သူများအားဆန်၊ဆီ၊ဆားအပါအဝင်အခြားသောအခြေခံစား သောက်ကုန်များအားသွားရောက်လှူဒါန်ခဲ့သည်ဟုဖော်ပြသည်။

သတင်း

ဇော်ချောင်းရွာအပါအဝင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိရွာများသည် စစ်ကြောင်းဆက်တိုက်ဝင်ရောက် ဖျက်ဆီးခံရခြင်းကြောင့် ထွက်ပြေးနေရသည့် ပြည်သူအရေအတွက် တစ်နေ့တခြားပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၇ နာရီခန့်က သင်တောကျေးရွာမှ စစ်ကောင်စီတပ်များသည် အရှေ့မြောက်ဘက်ရှိ အောက်တဲရွာဘက်သို့ ဦးတည်ထွက်ခွာလာသည်။

သတင်း

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများသည် ရွာကြီးများဖြစ်၍ ကျေးရွာလေးရွာပေါင်း ၇၅၀၀ ခန့်ရှိနိုင်ပြီး ကန့်ဘလူခရိုင်တခုလုံး စစ်ဘေးရှောင် ၃သောင်းနီးပါးရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက ပြောသည်။