Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ပျူစောထီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၊ လက်လုပ်အပါအဝင် သေနတ်နှစ်လက်ရ

အထက်ပါ ပျူစောထီးအဖွဲ့ဝင်ဆိုသူအား ပစ်ခတ်ရှင်း လင်းမှုနှင့် စပ်လျဥ်း၍ အသေးစိပ်သိရှိနိုင်ရန် DGRF ထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ပျူစောထီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၊ လက်လုပ်အပါအဝင် သေနတ်နှစ်လက်ရ
လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ ပျူစောထီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၊ လက်လုပ်အပါအဝင် သေနတ်နှစ်လက်ရ

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာမှ စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇော်ဝင်းရှိန်ဆိုသူအား ပစ်ခတ်အရေးယူလိုက်ကြောင်း Dawei Guerrilla Revolutionary Force – DGRF က ယနေ့(အောက်တိုဘာ ၉)ထုတ်ပြန်သည်။

ယမန်နေ့ည ၇ နာရီခွဲခန့်က မောင်းမကန်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်လည်းဖြစ် မူးယစ်ဆေးဝါးရောင်းဝယ်၍ စစ်ကောင်စီအား ထောက်ပံ့နေသူဟုဆိုသူ ဇော်ဝင်းရှိန်အား DGRF ၊ LLPDF နှင့် T-PDF တို့ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုတွင် ပျူစောထီးအဖွဲ့ဝင် ဇော်ဝင်းရှိန်ထံမှ 22 သေနတ်တစ်လက်၊ လေသေနတ်တစ်လက်၊ ဓားမြှောင်တစ်ချောင်း၊ ကျပ် (၁၄)သိန်း၊ ကျင်စက်တစ်လုံး၊ မူးယစ်ဆေးဝါးချိန်တွယ်သည့် ကီလိုခုံတစ် လုံးအပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အထက်ပါ ပျူစောထီးအဖွဲ့ဝင်ဆိုသူအား ပစ်ခတ်ရှင်း လင်းမှုနှင့် စပ်လျဥ်း၍ အသေးစိပ်သိရှိနိုင်ရန် DGRF ထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

DGRF အနေဖြင့် ထားဝယ်ဒေသအတွင်း မစ်ယစ်ဆေး ဝါးရောင်းဝယ်ခြင်းကို အကြိမ်ကြိမ်စာထုတ်သတိပေးထားပြီး စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ထောက်တိုင်များကို အလျဥ်းသင့်သလို သုတ်သင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။

သတင်း

ယနေ့နံနက် ၃ နာရီ ၄၅ ခန့်က မူးတိန်ရွာမှ ကင်းစောင့်နေသော ပျူစောထီးအဖွဲ့ကို TRF ဒရုန်းအဖွဲ့က (၄၀)မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မြိုင်နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတ​ပ်၊ ပျူများ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

သတင်း

ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့က ယနေ့ (အောက်တိုဘာ ၇ရက်) ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။