Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းမြို့မ စခန်းမှူး ပစ်ခတ်ခံရပြီးပွဲချင်းပြီး သေဆုံး

ဝမ်းတွင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်သို့ ပစ်ဖောက်သောင်းကျန်းဆဲဆိုသွားကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့မ စခန်းမှူး ပစ်ခတ်ခံရပြီးပွဲချင်းပြီး သေဆုံး
ဝမ်းတွင်းမြို့မ စခန်းမှူး ပစ်ခတ်ခံရပြီးပွဲချင်းပြီး သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မ ရဲစခန်းရှိ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ) ဗိုလ်စောအား ယနေ့ညနေပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေဆုံးသွားကြောင်း ဝမ်းတွင်းအခြေစို​က် WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၉ ရက်) သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက ဝမ်းတွင်းမြို့နယ်ရှိ မြို့မစခန်းမှ ရဲအုပ်စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနှင့်နယ်ထိန်းခေါင်းဆောင်) ပူးတွဲတာဝန်ယူထားသူအား သေနတ်​၆ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့ကြောင်း WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ WTRF ပြန်ကြားရေးတာဝန်ခံက “ဝမ်းတွင်းအမှတ်(၁)ရက်ကွက်ရုံးရှေ့မှာ ကားမောင်းနေတဲ့အချိန် နောက်ကလိုက်ပစ်တာ ၆ချက်ပစ်တာ ၆လုံးပြူးပါတယ်။ ခေါင်းကိုပစ်တာ။လုံခြုံရေးအခြေနေအရအဆင်မပြေလို့ ပစ္စည်းမရလိုက်ဘူး။အတွင်းလူပူးပေါင်းပါဝင်မှုနဲ့လုပ်နိုင်သွားတာ။”ဟု ပြောသည်။

ဝမ်းတွင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်သို့ ပစ်ဖောက်သောင်းကျန်းဆဲဆိုသွားကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သူတို့က ဒီဘက်ကမ်းကို ပြန်ပြေးကြတာ။ သူ့ယောင်္ကျားက သူ့ကိုပြန်ဆွဲခေါ်ခဲ့လို့ အလောင်းကပြန်ပါ ပါတယ်" ဟု ဆရာမဒေါ် သိင်္ဂီစိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။

သတင်း

"ကယ်ဆယ်ရေးအဖွဲ့တွေရှာတာ ကလေးနှစ်ဦးရုပ် အလောင်းတော့တွေ့ပြီ။ မိဖတွေကို ရှာနေတုန်းပဲ"ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မြိုင်နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတ​ပ်၊ ပျူများ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

သတင်း

ယနေ့ ၉နာရီမှစ၍ ၁နာရီခွဲခန့် တိုက်ပွဲဖြစ်ခဲ့ပြီး မွန်းလွဲ ၃နာရီမှစ၍ ယခု သတင်းထုတ်ပြန်သည့် ညပိုင်း အချိန်ထိတိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးသည်။