Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် အင်းတကော်မြို့နယ်မှ နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ရှင်းလင်း

ယမန်နေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က အင်းတကော်မြို့နယ် ဟံသာဝတီဂေါက်ကွင်းအနီး အင်းတကော်ရဲစခန်း၊ သာယာအေးအပိုင်နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးဆိုသူကို IPDF မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် အင်းတကော်မြို့နယ်မှ နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ရှင်းလင်း
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် အင်းတကော်မြို့နယ်မှ နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ရှင်းလင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် အင်းတကော်နယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် နယ်ထိန်းခေါင်းဆောင် တစ်ဦး ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က အင်းတကော်မြို့နယ် ဟံသာဝတီဂေါက်ကွင်းအနီး အင်းတကော်ရဲစခန်း၊ သာယာအေးအပိုင်နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးဆိုသူကို IPDF မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

“အဲဒီနယ်ထိန်းက မိမိအပိုင်နယ်မြေအတွင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ရမယ့်အစား အပိုင်နယ်မြေအတွင်းမှာရှိတဲ့ ဘော လုံး၊ နှစ်လုံး၊ သုံးလုံး ဒိုင်များထံမှ အပတ်စဥ်ကြေး လစဥ်ကြေးကောက်ပြီး ချမ်းသာနေသူတစ်ဦးဖြစ်ပါတယ်”ဟု IPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့ကြောင့် နယ်မြေအတွင်းမှ လစဥ်ကြေးပေးရမည့် လောင်းကစားဒိုင်များနှင့် အရက်ပုန်းဆိုင်များမှလစဥ်ကြေး အပတ်စဥ်ကြေးယူရန်လာစဥ် ကျန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်ဖြင့် သုံးချက်ပစ်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူကိုထာဝရရှေးရှူ၍ လုပ်နိုင်စွမ်းရှိသမျှ၊ အာဏာရှင်ထောက်တိုင်များ၊ စစ်တပ်၊ ရဲများအား ပြတ်ပြတ်သားသား သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အမြဲသတိရှိ၍ ရဲဘော်များအားလိုအပ်သလို ကူညီပေးကြစေလိုကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

သတင်း

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။

သတင်း

လတ်တလောတွင်လည်း NUG အစိုးရ၏ တစ်နှစ်တာစီမံချက်အတွင်း မြို့ပြတော်လှန်ရေးအဖွဲ့များ စနစ်တကျလိုက်ပါဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး တစ်နှစ်အတွင်း တော်လှန်ရေးအဖြေထွက်နိုင်ရန် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ အရေးအကြီးဆုံးဖြစ်ကြောင်း အသိပေးသည်။

သတင်း

ပဲခူးတိုင်းအတွင်းရှိ မြို့ပြ ပျောက်ကျားတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုထက်ပိုမိုတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ​၏ အနီးနားမှ သွားလာနေထိုင်ခြင်းမပြုကြပါရန် တိုက် တွန်းထားသည်။