Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် နယ်ထိန်းခေါင်းဆောင်တစ်ဦး ယနေ့နံနက် ပစ်သတ်ခံရ၊ ပစ်ခတ်သူများက ၎င်းစီးလာသော ကားကိုပါယူဆောင်သွားဟုဆို

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ဖားကန့်မြို့ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး ယနေ့နံနက် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သူများက အဆိုပါရဲအရာရှိ စီးလာသော ကားကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သက်ပိုင်ဦးသည် မရှီကထောင်ရပ်ကွက်ရှိ ဈေးဆိုင်တစ်ခုအနီးတွင် ယနေ့(အောက်တ်ိုဘာလ ၁၀ရက်) နံနက် ၁၀နာရီ၁၅မိနစ်တွင် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်သည်။

” အသံတိတ်သေနတ်လိုမျိုးနဲ့ သုံးချက် ပစ်သတ်သွားတာ။ပွဲချင်းပြီးပဲ”ဟု ဖားကန့်ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ရဲအုပ်သက်ပိုင်ဦးသည် မောက်မာသူဖြစ်ပြီး အခွင့်အာဏာကို ကျော်လွန်အသုံးချနေသည့် ရဲအရာရှိတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့်ပစ်ခတ်သူများက ၎င်းစီးလာသည့်ကားကိုပါ ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ပြီးခဲ့သည့် ဩဂုတ်တွင် ဖားကန့်မြို့ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကိုလတ်အပါအဝင် ရဲသုံးဦး မှော်ဝမ်းရပ်ကွက်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်တွင် ရဲနှစ်ဦးသေဆုံးခဲ့သည်။

သြဂုတ် ၃ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း (၃၀)ဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကလာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲမှူးကိုကိုလွင်ဆိုသူ သေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က အင်းတကော်မြို့နယ် ဟံသာဝတီဂေါက်ကွင်းအနီး အင်းတကော်ရဲစခန်း၊ သာယာအေးအပိုင်နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးဆိုသူကို IPDF မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

သတင်း

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

သတင်း

ယခုဖမ်းမိသူ ခြောက်ဦးကို KIAနှင့်KPDF ပူး​ပေါင်းအဖွဲ့က စစ်ဆေးနေပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ဦးထွန်းထွန်းဦးသည် စစ်ကောင်စီတပ်ကို အားကိုးသူဖြစ်ပြီး ညအချိန်တွင် စစ်တပ်ကုန်း၌ သွားအိပ်ပြီး မနက်တွင် အိမ်ပြန်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ ယနေ့နံနက်တွင် အိမ်ပြန် လာစဥ် အနီးကပ်ပစ်ခတ်ခံရပြီး နေရာတွင်ပင်သေဆုံးသွားသည်ဟု သိရသည်။