Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ် နှစ်လက်ယူလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာ၍ ကျပ်သိန်း၁၀၀ ချီးမြှင့်

“ရန်သူ့လက်နက်ကို ပြည်သူ့ထံသို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်မှုအပေါ် အထူးလေးစားဂုဏ်ပြုအပ်ပါသည်”ဟု CDF ဆဲန်ထန်က ထုတ်ပြန်သည်။

▪︎CDF ဆဲန်ထန်ထံပူး​ပေါင်းလာ​သောစစ်သားနှင့် ရဲ ၁၂ ဦးရှိလာ

ချင်းပြည်နယ် ဟားခါးမြို့မ ရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် သေနတ် နှစ်လက်ဖြင့် ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းလာကြောင်း ဟားခါးမြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) – ဆဲန်ထန်က သတင်းထုတ်ပြန်သည်။

ဟားခါးမြို့မ ရဲစခန်းမှ ရဲဘော် မောင်နီမန်သည် အောက်တိုဘာ ၈ရက်တွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ CDF(ဆဲန်ထန်) ထံ စစ်သား ၁၁ ဦး နှင့်ရဲတပ်သား တစ်ဦး စုစုပေါင်း ၁၂ ဦး CDMဝင်ရောက်ခဲ့ပြီး ဖြစ်သည်ဟု CDF(ဆဲန်ထန်)က တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုပြည်သူ့ရင်ခွင်ခိုလှုံ​သောရဲတပ်သားအနေဖြင့်သေနတ်နှစ်လက်ကျည်များယူဆောင်လာကြောင်းဖော်ပြထားသည်။

“ရန်သူ့လက်နက်ကို ပြည်သူ့ထံသို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်မှုအပေါ် အထူးလေးစားဂုဏ်ပြုအပ်ပါသည်”ဟု CDF ဆဲန်ထန်က ထုတ်ပြန်သည်။

ထိုသို့ လာရောက်ပူးပေါင်းသည့် ပြည်သူ့ရဲအား နွေးထွေးစွာ ကြိုဆိုပြီး ဆုငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ချီးမြှင့်ပြီး လုံခြုံရာသို့ ပို့ဆောင်ပေးပြီးဖြစ်သည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ပြည်သူကို ဒုက္ခပေးနေလို့ လမ်းခုလတ်မှာ ဖြတ်ပြီး ဝင်တိုက်ခဲ့တာပါ။ သူတို့က လေးယောက်ပဲ ထွက်လာတာ”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ​ပြောသည်။

သတင်း

ယခုစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ (မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊ Scorpions People Defense Force ) တို့က စစ်ကိုင်းတိုင်းတပ်ရင်း၁ မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းကစတင်၍ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"ပြန်မပစ်ဘူးဗျ ။စခန်းထဲမှာ​​တော့ဆူညံ​နေတာပဲ ။ ရန်သူ​သေတာကို​တော့ တပ်တွင်းသတင်း​ပေးကတစ်ဆင့်သိရတာပါ" ဟု အထက်ပါ ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။