Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Burma Rangers (ShweBo)က အသိပေးသည်။

ရွှေဘို - ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
ရွှေဘို - ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

▪️စစ်ကောင်စီတ​ပ်ပစ်ခတ်၍ ပြည်သူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသော ၁၂ ဘီးယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြီး ၎င်းတို့ရမ်းသမ်းပစ်ခတ်၍ ပြည်သူနှစ် ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း Burma Rangers (ShweBo) အဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

အောက်တိုဘာ ၈ ရက် ညနေ ၅နာရီခန့်ကတပ်တွင်းသတင်းအရ စစ်ကိုင်းတိုင်း ကျောက်မြောင်း မြို့နယ်ခွဲမှ ရွှေဘိုမြို့သို့ မောင်းနှင်လာသော မိုးကာအစိမ်းအုပ် ၁၂ဘီးကားအတွင်း၌ စစ်ကောင် စီတပ်များ လိုက်ပါလာသည်ဟု သတင်းရရှိခဲ့သည်။

ရွှေဘို - ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

အဆိုပါ ၁၂ဘီးယာဉ်အား ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာလမ်းခွဲထိပ်တည့်တည့်တွင် ‌စောင့်ဆိုင်းကာမိုင်း၁၆လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲရာနေရာတွင်ပင် စစ်ကောင်စီတပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံး၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု တပ်တွင်းသတင်းပေးချက်အရသိရှိရကြောင်း Burma Rangers (ShweBo)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Burma Rangers (ShweBo)က အသိပေးသည်။

စစ်ကောင်စီတပ်သည် မိုင်းထိမှန်ကာအကျအဆုံးများသောကြောင့် မိုင်းဆွဲခံရသည့်နေရာမှစ၍ ရွှေဘိုတက္ကသိုလ် ဂိတ်ဝအထိ လက်နက်ငယ်များပစ် ခတ်သွားခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကြက်မွေးမြူရေးဇုန်အနောက်ဘက်ရှိ ရွှေမိဆီဆိုင်အနီးတွင် ပြည်သူတစ်ဦး၊ မင်းကျောင်းကျေးရွာအနီးတွင် ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း Burma Rangers (ShweBo) အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဥ်များအား ​ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရှေ့ကားမိုင်းဆွဲပြီး ရပ်ကျန်ခဲ့တဲ့ ကားကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ထပ်ဆွဲပါတယ်။ ကျဆုံး များနိုင်တယ်ခင်ဗျ"ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဆယ်မိုင်လမ်းခွဲအပြင် လက်ဆည် ‌ရဲစခန်း မြောက်ဘက်နား ဂုဏ်ကုန်း၊ ကဇွန်းမ အရှေ့ဘက် ပုသိမ် - မုံရွာလမ်းဆုံ စသည့်နေရာများတွင်လည်း စစ်ဆေးလေ့ရှိကြောင်း ဆိပ်ဖြူနယ်ခံများက ပြောသည်။

သတင်း

လိပ်ရစခန်းကို ယနေ့(အောက်တိုဘာ ၁၀ရက်)နံနက် အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News သို့ ဖြေကြားထားသည်။

သတင်း

အဆိုပါ ကမ်းလှမ်းချက်တွင် လက်ရှိ နိုင်ငံတဝန်း ၌ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်များကို ဖော်ပြထားခြင်းမပြုပေ။