Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

YDFဒုစစ်ဦးစီးချုပ်ကျဆုံးခြင်းအပေါ် AA အာလဖာ (၃) စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

YDFသည် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်တွင်မရှိဘဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ယောဒေသတွင်း PDF တပ်များနှင့် ပြဿနာ အချို့ရှိသကဲ့သို့ အချို့တိုက်ပွဲများတွင်လည်း YDFနှင့် PDF ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများလည်းရှိသည်။

YDFဒုစစ်ဦးစီးချုပ်ကျဆုံးခြင်းအပေါ် AA အာလဖာ (၃) စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
YDFဒုစစ်ဦးစီးချုပ်ကျဆုံးခြင်းအပေါ် AA အာလဖာ (၃) စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ယောဒေသကာကွယ်ရေးတပ်(YDF)၏ ဒုစစ်ဦးစီးချုပ် ကျဆုံးခဲ့ခြင်းအပေါ် ရက္ခိုင့်တပ်တော်(AA) အာလဖာ(၃)စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လာကြောင်း YDFက သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့ နွေးထွေးတဲ့ ဆက်ဆံရေးရှိပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အနေနဲ့တော့ ပြောပြလို့မရသေးပါဘူး။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ မဟာမိတ် AAနဲ့ ဆိုရင် နီးကပ်တဲ့ ဆက်ဆံရေး နွေးနွေး ထွေးထွေးရှိနေပါတယ်”ဟု YDF ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

AAလှုပ်ရှားသည့်နယ်မြေနှင့် YDF လှုပ်ရှားသည့် နယ်မြေ ဆက်စပ်မှု ရှိသည်ဟု ၎င်းက ပြောကြား သည်။

YDFဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးသည်အောက်တိုဘာ ၉ရက်တွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ကျဆုံးရမှုအပေါ် ULA/AA အနေဖြင့် ကျန်ရစ်သူ မိသားစုများ တော်လှန်ရေးလုပ် ဖော်ကိုင်ဘက်များ၊ ပြည်သူလူထုများနှင့် ထပ်တူ နှမြေတသ ဝမ်းနည်းကြေကွဲရသည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။

ဒုစ်ဦးစီးချုပ် ဖြိုးဝေစိုးသည် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ခေါင်းဆောင်တစ်ဦးဖြစ် ပြီး တိုက်ခိုက်ရည်ကောင်းသူ ရဲဘော်များ၏ ချစ်ခင်လေးစားတန်ဖိုးထားမှုကိုခံရသူ ဖြစ်သည်ဟု AA အာလဖာ(၃) စစ်ဒေသက ဆိုသည်။

တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်သို့ မရောက်မီ ကျဆုံးလိုက်ရခြင်းသည် YDF အတွက် တန်ဖိုးကြီးမားလှသည့် အစားထိုးမရသည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကြောင်း၊ AAနှင့် YDF အကြား ဆက်ဆံရေး တည်ဆောက်ရာတွင် အခရာကျသူ တစ်ဦးဖြစ်ပြီး အရေးကြီးကိစ္စများ ဆောင်ရွက်ရာတွင် တာဝန်ကျေသူ ဖြစ်ကြောင်း ဖော်ပြထားပြီး ပြည်သူလူထုအပေါ် ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများကို အထူးတန်ဖိုးထားကြောင်း AAက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားသည်။

YDF ဒုစစ်ဦးစီးချုပ်ဦးဆောင်သည့် အဖွဲ့နှင့် ဂန့်ဂေါနယ် ကန်ရွာ ရဲစခန်းမှ ရဲများသည် ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာအနီး၌ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့သည်ဟု YDFက ထုတ်ပြန်ထားသည်။

“ဒီကျဆုံးမှုက ကျနော့်ရဲ့ ညာလက်ရုံးတစ်ဖက် ဆုံးရှုံးသွားရသလိုပဲ သူနဲ့ ပတ်သက်ပြီးမှပေါ့။ ကျွန်တော်တို့ YDFကို စတင်ထူထောင်တဲ့အချိန်ကတည်းက ပါဝင်ခဲ့တဲ့ အရမ်းကို အားကိုးရတဲ့သူ စိတ်ချရတဲ့သူလည်းဖြစ်တယ်။ အခု ဖြစ်သွားတဲ့ဟာကတော့ မတန်ဘူးပေါ့။ ကျွန်တော်တို့ YDF အတွက် တော်တော်လေး ကြီးကြီးမားမား ဆုံးရှုံးမှုဖြစ်တယ်။ ပတ်ကင်းနဲ့ တိုးပြီး အကြောင်းပြု ဖြစ်သွားတာပေါ့”ဟု YDF ခေါင်းဆောင် ကိုမြတ် သူက ပြောသည်။

YDFသည် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်တွင်မရှိဘဲ သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ယောဒေသတွင်း PDF တပ်များနှင့် ပြဿနာ အချို့ရှိသကဲ့သို့ အချို့တိုက်ပွဲများတွင်လည်း YDFနှင့် PDF ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများလည်းရှိသည်။

“ကျွန်တော်တို့က စစ်ကောင်စီက လွဲပြီးကျန်တဲ့သူတွေအပေါ်မှာ ရန်လိုတဲ့ သဘောထား မရှိသလို အပြစ်မြင်တဲ့ သဘောထားလည်းမရှိဘူး။ ကျွန် တော်တို့က စစ်ကောင်စီကိုပဲ တိုက်တာ။ သွားနေတာလည်း ကျွန်တော်တို့ မူဝါဒနဲ့ ကျွန်တော်တို့ ပြတ်ပြတ်သားသားသွားနေတာလည်းဖြစ်တယ်” ဟု ကိုမြတ်သူက ပြောသည်။

ဒေသတွင် PDFနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အချို့ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“မြေပြင်မှာ လိုအပ်ချက်ရှိရင် ပူးပေါင်းတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ ရပ်တည်လှုပ်ရှားနိုင်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကိုယ့်ဘာသာကိုယ်လှုပ်ရှားတာများတယ်။ တကယ်တန်း မတည့်လို့ဘာညာမရှိပါဘူး”ဟု ကိုမြတ်သူက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ကြောင်း AAက ထုတ်ပြန်သည်။

သတင်း

လိပ်ရစခန်းကို ယနေ့(အောက်တိုဘာ ၁၀ရက်)နံနက် အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News သို့ ဖြေကြားထားသည်။

သတင်း

ပြည်သူများ အနေဖြင့် စစ်ကော်စီတပ် စစ်ကြောင်းများရှိပါက စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းများသို့ မသွားစေလိုဟုလည်း ထီးလင်း PDFက ​မေတ္တာရပ်ခံထားသည်။

သတင်း

စစ်ကောင်စီတပ်က ဒေသခံပြည်သူများကိုပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ်အဖွဲ့အဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့သည်။