Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကယား(ကရင်နီ)ဒေသရှိ စစ်ရှောင်ကလေးငယ်များ၏ ပညာသင်ကြားရေးတွင် ဖတ်စာအုပ်များလိုအပ်နေ၊ ကျောင်းသားသုံးဦးလျှင်တစ်အုပ်နှုန်းဖြင့်သင်ကြားနေ

ဒေသတစ်ခုလုံးတွင် ကြားကာလပညာရေးဖော်ဆောင်လျှက်ရှိသည့် ပညာရေးကျောင်း (၂၈၀)ကျော်ရှိရာအဆိုပါကျောင်းများတွင် ပညာသင်ယူလျှက်ရှိသည့် စစ်ရှောင်ကျောင်းသားဦးရေ (၃၁,၇၃၅)ဦးရှိသည်ဟုဆိုသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

ကယား(ကရင်နီ)ဒေသရှိ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားရေးတွင် ကျောင်းသားသုံးဦးလျှင် ဖတ်စာအုပ်တစ်အုပ်သာရှိသောကြောင့် ဖတ်စာအုပ်များအရေးတကြီးလိုအပ်နေကြောင်း ကယား(ကရင်နီ)ပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂက ပြောသည်။

ဒေသတစ်ခုလုံးတွင် ကြားကာလပညာရေးဖော်ဆောင်လျှက်ရှိသည့် ပညာရေးကျောင်း (၂၈၀)ကျော်ရှိရာအဆိုပါကျောင်းများတွင် ပညာသင်ယူလျှက်ရှိသည့် စစ်ရှောင်ကျောင်းသားဦးရေ (၃၁,၇၃၅)ဦးရှိသည်ဟုဆိုသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

“စစ်ရှောင်များရဲ့ အခက်အခဲကတော့ အများကြီးရှိပေမဲ့ လတ်တစ်လော ကြုံတွေ့နေရတာကတော့ ဖတ်စာအုပ် အခက်အခဲပါ။ စာရေးကိရိယာ၊ ဖတ်စာအုပ် လုံလောက်မှုမရှိပါဘူး။ ကလေး ၃ ယောက်တစ်အုပ်၊ နှစ်ယောက်တစ်အုပ် ကြည့်ရတဲ့ အနေအထားမှာ ရှိပါတယ်ရှင့်”ဟု ဆရာ၊ ဆရာမများသမဂ္ဂမှ ဆရာမတစ်ဦးက ပြောသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

ထို့အပြင် စစ်ကောင်စီတပ်မှနေ့စဥ်နီးပါးလက်နက်ကြီးပစ်ခတ်မှုများကြောင့် အန္တရာယ်ကြားမှ ပညာရေးကိုခက်ခက်ခဲခဲဖော်ဆောင်နေရပြီး အမိုးအကာများ မပြည့်စုံခြင်း၊ စာသင်ဆောင်များကောင်းမွန်ပြည့်စုံမှုမရှိခြင်းတို့ရှိနေသည်ဟုရှင်းပြသည်။

ထို့ကြောင့် “ရင်သွေးငယ်တို့ ပညာရေး မိဘပြည်သူဝိုင်းကူပေး”ကမ်ပိန်းအား အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ ကမ်ပိန်းကာလသတ်မှတ်လုပ်ဆောင်လျှက်ရှိကာ သတ်မှတ်ပမာဏကျပ်သိန်း (၃,၀၀၀)သတ်မှတ်ထားသည်ဟု ​ကြေညာထားသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

လက်ရှိတွင် ကမ်ပိန်းကာလ ၁၁ ရက်အတွင်း ကျပ်သိန်း (၅၀၀)ခန့်သာရရှိသေးတာကြောင့် သတ်မှတ်ပမာဏပြည့်မီရန် ပြည်တွင်းပြည်ပရှိ အလှူရှင်များမှ ဝန်းဝိုင်းကူညီပံ့ပိုးပေးကြရန် နှိုးဆော်တိုက်တွန်းထားသည်။

ပံ့ပိုးကူညီလိုသူများအနေဖြင့် ပြည်ပမှ ပါဝင်လှူဒါန်းလိုလျှင် We Love Myanmar facebook page –https://www.facebook.com/welovemm2022/ သို့ ဆက်သွယ်နိင်ပြီး ပြည်တွင်းမှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကယားပြည်နယ်လုံးဆိုင်ရာ အ​ခြေခံပညာ ဆရာများ သမဂ္ဂ Facebook page messenger မှ တစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်အနေဖြင့် ရခိုင်သာမက တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများ ကျူးလွန်နေသည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်(AA)နှင့် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့​သောယခုနှစ် ဩဂုတ်လမှစ၍ မြို့နယ်အများအပြားသို့ စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်​နေသည်။

သတင်း

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ‌‌ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လူ့လောကရောက်ပြီးသည်မှာ မိနစ်၁၈၀ ခန့်သာရှိသေးသည့် ကလေးငယ်သည် မိခင်နှင့်အတူ မီးနေခန်းမှထပြေးခဲ့ရသည်။