Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး

စစ်ကောင်စီအနေဖြင့် ၂၀၂၃ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားသည်မှာ ထင်ရှားကြောင်း ယာယီသမ္မတက ပြောသည်။

မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး
မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး

▪️၂၀၂၃ ရွေးကောက်ပွဲ မပျက်ပျက်အောင်ဖျက်မယ်ဆိုသည့်အဆင့်ထက် ကျော်လွန်စဉ်းစားထားကြောင်း အသိပေး

စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်နေ၍ မြို့ပြများအထိ စစ်ဆင်ရေးနယ်များ ဖြစ်လာနိုင်သည်ကို အထူးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။

“စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ သူ့အာဏာအတွက်ဆိုရင် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားပဲ တိုက်ခိုက်နေတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး
မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံတော်လှန်စစ် (၁)နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် များ ပြည်သူသို့ အစီရင်ခံတင်ပြရာတွင် လူထု၏ အမြင်သဘောထား အကောင်းဘက်သို့ တိမ်းညွှတ်မှုရှိနေဆဲ ဖြစ်သကဲ့သို့ အချို့ကလည်း ယုံကြည်မှု နည်းပါးနေကြောင်း ၎င်းက ဆိုသည်။

“လူထုသဘောထားအမြင်ကို မပြောင်းလဲနိုင်ပေမယ့် ကျွန်တော်တို့လျစ်လျှူရှုလို့ မရပါဘူး။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာ မဖြစ်နိုင်တာကိုတောင်စွန့်ပြီး ရှေ့တိုး လုပ်ရသေးတာပဲ၊ ယခု လက်ရှိအခြေအနေက ကျွန်တော်တို့မှာ ဖြစ်နိုင်နေတာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန်တော်တို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ပြောကြားလိုပါတယ်။ အထူးသဖြင့် မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၃ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားသည်မှာ ထင်ရှားကြောင်း ယာယီသမ္မတက ပြောသည်။

“စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး ပိုများလာကြောင်း၊ မြန်မာစစ်တပ်သည် နလပိန်းတုံး အသိဉာဏ်လောက်ဖြင့် မဲမဲမြင်ရာစွတ်ရမ်းနေကြောင်း ယာယီသမ္မတက ပြောသည်။

“နိုင်ငံတကာအကူအညီတွေပေးနေ ပေမယ့် စစ်ကောင်စီကို ကျော်ပြီး လူထုထံအရောက်ကူညီဖို့ အကန့်အသတ်တွေ ခပ်များများတွေ့နေ ရပါတယ်။ ဒါကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အထူးအာရုံစိုက်ဖြေရှင်းဖို့ ကြိုးစားကြပါ”ဟု ၎င်းက ဆိုသည်။

မြန်မာ့နွေဦးတော်လှန်ရေး မကြာမီ ၂နှစ်ပြည့်တော့မည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် နွေဦးတော်လှန်ရေး၏ တပ်ဦး၌ နိုင်ငံရေး ဦးဆောင်မှုနှင့် စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍ၌ ရှိနေသည်ကို မမေ့ရန်၊ မပေါ့လျော့ရန် ယာယီသမ္မတက မှာကြားသည်။

“တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျွန်တော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကြီးကြီးထားပြီး နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကိုအသိပေးပါတယ်။

သတင်း

ယမန်နေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က အင်းတကော်မြို့နယ် ဟံသာဝတီဂေါက်ကွင်းအနီး အင်းတကော်ရဲစခန်း၊ သာယာအေးအပိုင်နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးဆိုသူကို IPDF မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ဆောင်းပါး

"လက်နက်အင်အားကောင်းရင် တစ်နှစ်အတွင်းဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ လက်နက်မရှိလို့ မတိုက်ဖူးဆိုတာလည်း မဟုတ်ဘူး။ တိုက်ရင်း လက်နက်စုမယ်။ စုရင်းတိုက်မယ်။ တစ်နှစ်ဆိုတဲ့ အချိန်က လုံလောက်ပါတယ်။ လက်ရှိ PDFတွေက နယ်မြေတွေ စိုးမိုးထားတာတွေရှိတယ်။ အဓိက လိုအပ်တာက အဆုံးသတ်ဖို့ပါပဲ။ LDFတွေ၊ ပကဖတွေက အရင်ကထက် ပိုပြီး စည်းလုံးဖို့လိုတယ်။...

သတင်း

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။