Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီးကြောင်း အသိပေး

ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေး ဆက်လက် အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီးကြောင်း အသိပေး
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီးကြောင်း အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီး စတင်အသက်ဝင်လှုပ်ရှားနေပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်အသိပေးသည်။

Twitter လူမှုကွန်ရက်တွင် @mod_nug ကို Follow လုပ်ထားခြင်းအားဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများ၊ နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် အလှည့်အပြောင်းများ၊ နိုင်ငံတဝန်းနေ့စဉ်ဖြစ်ပျက်နေသည့် အခြေအနေများစွာထဲမှ အဓိကကျသည့် အဖြစ်အပျက်များကို စဉ်ဆက်မပြတ်သိရှိနိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာသည့်၊ အနာဂတ် ဖက်ဒရယ်တပ်မတော်၏ အမြုတေဟုဆိုရမည့် နွေဦးတော်လှန်ရေး ခုခံတော်လှန်စစ်ကိုဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှုများကိုလည်း အလျဉ်းသင့်သလိုဖော်ပြသွားမည်ဟု အသိပေးထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေး ဆက်လက် အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကြီးကြီးထားပြီး နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကိုအသိပေးပါတယ်။

သတင်း

စစ်ကောင်စီအနေဖြင့် ၂၀၂၃ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားသည်မှာ ထင်ရှားကြောင်း ယာယီသမ္မတက ပြောသည်။

သတင်း

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ကြောင်း AAက ထုတ်ပြန်သည်။

ဆောင်းပါး

"လက်နက်အင်အားကောင်းရင် တစ်နှစ်အတွင်းဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ လက်နက်မရှိလို့ မတိုက်ဖူးဆိုတာလည်း မဟုတ်ဘူး။ တိုက်ရင်း လက်နက်စုမယ်။ စုရင်းတိုက်မယ်။ တစ်နှစ်ဆိုတဲ့ အချိန်က လုံလောက်ပါတယ်။ လက်ရှိ PDFတွေက နယ်မြေတွေ စိုးမိုးထားတာတွေရှိတယ်။ အဓိက လိုအပ်တာက အဆုံးသတ်ဖို့ပါပဲ။ LDFတွေ၊ ပကဖတွေက အရင်ကထက် ပိုပြီး စည်းလုံးဖို့လိုတယ်။...