Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းတွင် ဆိုင်ကယ်မရပ်ဟုဆိုကာ ပစ်ခတ်ခံရသူနှစ်ဦး သေဆုံးခြင်းမရှိ၊ စခန်းမှူးအပစ်ခံရပြီးနောက် ​တင်းကြပ်စွာစစ်ဆေးနေ

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်း၌ စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည့် နယ်တစ်ခုဖြစ်သည်။

(ဝမ်းတွင်းမြို့ပေါ်တွင် တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ရဲများ(ပုံအဟောင်းကို အသုံးပြုထားပါသည်)၊ဓာတ်ပုံ - CJ)
(ဝမ်းတွင်းမြို့ပေါ်တွင် တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ရဲများ(ပုံအဟောင်းကို အသုံးပြုထားပါသည်)၊ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ်ရပ်မပေး၍ အပစ်ခံရသူနှစ်ဦးလုံး သေဆုံးခြင်းမရှိဘဲ ဆေးကုသမှုခံယူခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၀ရက်) ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ လိန်ပင်ကျေးရွာနေ (ဉာဏ်ကန် ရှောက်တောဇာတိဖွား) ကိုဆန်းဝင်းနှင့် ကိုစိန်ရွှေကို ထနောင်းကုန်းကျေးရွာ အနောက်ဘက် လိန်ပင်လမ်းခွဲတွင် ဆိုင်ကယ်မရပ်ပေး၍ စစ်ကောင်စီလက်အောက်ခံ ရဲများက ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံး ဒဏ်ရာရရှိခဲ့ကြောင်း၊ မည်သူမျှသေဆုံးခြင်းမရှိဘဲ ဆေးကုသမှုခံယူခဲ့ကြောင်း Voice Of Wundwinအဖွဲ့က ပြောသည်။

“ကိုဆန်းဝင်းဆိုသူက ​ရင်ညွန့်ကိုမှန်တယ်။ ကိုစိန်ရွှေကတော့ လည်ပင်းနှင့်လက်မောင်းမှန်တယ်။ ဒီမနက် နှစ်ယောက်လုံး ဆေးရုံက ဆင်းလာပြီ။ ​ွေးများကပစ်ခတ်ပြီး လူမှားသည်ဟုဆိုကာ ဒီတိုင်းထားခဲ့တာပါ။”ဟု Voice Of Wundwin အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ဝမ်းတွင်းမြို့နယ်တွင် အောက်တိုဘာ ၉ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်ယာယီစခန်းမှူးအား WTRF အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

စခန်းမှူးပစ်ခတ်ခံရပြီးနောက် ယမန်နေ့က ဝမ်းတွင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က တင်းကြပ်စွာစစ်ဆေးခဲ့ပြီး အောင်မင်္ဂလာ၊ မကျည်းစု၊ မြကန်သာရက်ကွက်များအားပိတ်ပြီး စစ်ဆေးခဲ့ရာ ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ပြောသည်။

“တချို့တွေပြန်လွှတ်လိုက်ပြီ။ ပိုက်ဆံလည်းကုန် အထုအထောင်းလည်းခံရတာပေါ့။ တချို့တော့ကျန်သေးတယ် အရေအတွက်တော့ တိတိကျကျမသိဘူးဗျ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်း၌ စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည့် နယ်တစ်ခုဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ယာယီစခန်းမှူးအား ဝမ်းတွင်းအခြေစိုက် WTRFအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

သတင်း

တိုက်ပွဲအပြီးတွင် PDFတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သား အလောင်းများကို တန့်ဆည်မြို့ဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ညအချိန်ဂိမ်းဆော့နေသည့်လူငယ်များကို လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သေးသည်။

သတင်း

ဝမ်းတွင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်သို့ ပစ်ဖောက်သောင်းကျန်းဆဲဆိုသွားကြောင်း ဒေသခံများက ပြောသည်။