Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်

ယင်းစစ်ဆင်ရေးကို မှော်ဘီအခြေစိုက် Gurdians UG အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၁ရက် ည ၇ နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာအား တွေ့ရစဥ်)
(မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာအား တွေ့ရစဥ်)

အကြမ်းဖက်စစ်‌ကောင်စီနှင့်ပတ်သက်သူများကို ရှင်းလင်းမည့်အကြောင်း ကြိုတင်သတိပေးသည့်အနေဖြင့် မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မှော်ဘီ့ရင်သွေးတပ်(Hmawbi Youths Army)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကြိုတင်သတိပေးရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့မလုပ်ချင်ပါဘူး။ မလွှဲသာလို့လုပ်ရတာပါ။ သတိပေးလို့ရပ်သွားရင် ဆက်မလုပ်ပါဘူး”ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို မှော်ဘီအခြေစိုက် Gurdians UG အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၁ရက် ည ၇ နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ထိခိုက်မှုရှိပါတယ်။ အတိအကျမသိရသေးပါ”ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်မှူထမ်းဟောင်းအိမ်ရာ၌ စစ်မှုပြန်လည်ထမ်းဆောင်သူများရှိသလို ဒလန်လုပ်ဆောင်နေသူများ ရှိသောကြောင့် သတိပေးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လေးကြိမ်မြောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မှော်ဘီရင်သွေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ဒေါင်းအလံလွှင့်စစ်ဆင်ရေးကို ဩဂုတ် ၂၆ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်တွင် ‌အမှတ် (၄)လမ်းဆုံ လုံခြုံရေးဂိတ် ၊ ဒုတိယအကြိမ်တွင် မှော်ဘီမြို့မရဲစခန်း နှင့် တတိယအကြိမ်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ယောကာကွယ် ရေးတပ် - YDFမှ အသက် (၂၁)နှစ်အရွယ် ရဲဘော် ညီဖြိုး (ခ)ဖြိုးဝေစိုးနှင့် အသက်(၂၄)နှစ်အရွယ် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယောကာကွယ်ရေးတပ် - YDF က...

သတင်း

ဗန်းမောက်နယ်တွင် အောက်တိုဘာ ၄ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ရဲများကို KIA/PDF ပူးပေါင်း တိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

နိုင်ငံတကာ

KCNAရဲ့ ဖော်ပြချက်အရ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို အခုနောက်ဆုံး စမ်းသပ်ခဲ့တဲ့ အစီအစဉ် အားလုံးကို ကင်မ်ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲခဲ့ကြောင်းလည်း သိရပါတယ်။

ဗီဒီယို

သူရည်ညွှန်းတာက ရုရှား သိမ်းပိုက်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်က တံတားတစ်စင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ ပူတင်က အဲဒီကိစ္စဟာ ယူကရိန်း ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာတစ်ခုမှ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။