Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်း‌ဦးနယ်စစ်ဘေးရှောင်များအား မြောင်မြို့နယ်အခြေစိုက်တော်လှန်ရေးအင်အားစုများက စောင်နှင့်‌အနွေးထည်များ သွားရောက်လှူဒါန်း

ထို့အပြင် ချောင်းဦးမြို့နယ် ကင်မွန်တော်နှင့်ကံကြီးကုန်းကျေးရွာတွင် စစ်ကောင်စီက တပ်စွဲထားသည်။ ဒေသခံပျုစောထီးများနှင့်ပူးပေါင်းကာ အနီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးနေသည်။ ထို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

(မြောင်ဒေသမှ စစ်ဘေးရှောင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)
(မြောင်ဒေသမှ စစ်ဘေးရှောင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)

စစ်ကောင်စီနှင့် ပျုစောထီးရန်ကြောင့် ထွက်ပြေးလာသော ချောင်း‌ဦးမြို့ဒေသခံစစ်ဘေးရှောင်များ အရေးပေါ် လိုအပ်နေသည့် စောင်နှင့်‌အနွေးထည်များကို မြောင်မြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ယနေ့ သွားရောက်လှူဒါန်းခဲ့သည်။

“စခနဲ့ပျုတွေကို ကြောက်ပြီး ရွာမှာမနေရဲတော့တဲ့သူတွေ ကျွန်တော်တို့နယ်မှာ လာတ်မ်းရှောင်နေရတယ်။ ဒီရက်ထဲ ရာသီဥတုကလည်း အေးလာတော့ သူတို့အတွက်လိုအပ်တာတွေ သွားထောက်ပံ့ဖြစ်တယ်”ဟု မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM မှ ကိုနွေဦးက ပြောသည်။

ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာနှင့်ဘေးပတ်ဝန်းကျင် ရွာအချို့မှ ဒေသခံ ၂၀၀ခန့်သည် မြောင်မြို့နယ်တွင် လာရောက်စစ်ဘေးရှောင်နေရသည်မှာ ရှစ်လခန့်ရှိနေပြီ ဖြစ်သည်။၎င်းတို့အတွက် မြောင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ယာယီစစ်ဘေးရှောင်စခန်းတစ်ခု ဖွင့်လှစ်ပေးထားသည်။

ထို့အပြင် ချောင်းဦးမြို့နယ် ကင်မွန်တော်နှင့်ကံကြီးကုန်းကျေးရွာတွင် စစ်ကောင်စီက တပ်စွဲထားသည်။ ဒေသခံပျုစောထီးများနှင့်ပူးပေါင်းကာ အနီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးနေသည်။ ထို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ယနေ့(အောက်တိုဘာလ ၁၁ရက်)တွင်လည်း ချောင်းဦးမြို့နယ် ရှမ်းထူကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့်ပျုစောထီးများက မီးရှို့ဖျက်ဆီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ချိုးဖြူပြောက်ကျားတပ်ဖွဲ့(PST)တပ်ခွဲမှသီတင်းကျွတ်လပြည့်နေ့အကြို ကုသိုလ်ကောင်းမှုအနေဖြင့်အောက်တိုဘာ ၇ ရက်ကစစ်ဘေးရှောင်ပြည်သူများအားဆန်၊ဆီ၊ဆားအပါအဝင်အခြားသောအခြေခံစား သောက်ကုန်များအားသွားရောက်လှူဒါန်ခဲ့သည်ဟုဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သည် ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ယနေ့(အောက်တိုဘာ ၈ရက်) နံနက် ၉နာရီခန့်တွင် ဝင်ရောက်လာ​ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများ၏အိမ်နှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများပြုလုပ်လာသည်ဟု ကိုနွေဦးက ပြောသည်။

သတင်း

ယနေ့(စက်တင်ဘာလ ၂ရက်) နံနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်ငါးစီးဖြင့် တက်လာသော စစ်ကောင်စီယာဥ်တန်းကို မြောင်နှင့်မြင်းမူအခြေစိုက် ပြည်သူကာကွယ်ရေးမဟာမိတ်များက မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။