Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူမြို့နယ် မံဝိန်းဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော

ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ရွှေကူမြို့နယ် မံဝိန်းဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော
ရွှေကူမြို့နယ် မံဝိန်းဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော

▪️စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်၍ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရဟုဆို

ကချင်ပြည်နယ် ရွှေကူမြို့နယ် မံဝိန်းကျေးရွာနှင့် အနီးတဝိုက်၌ ယနေ့ နေ့လည်ပိုင်း၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

“လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ဝင်တယ်။ ပြည်သူတွေကိုလည်း ဖမ်းတယ်။ ပစ္စည်းတွေသယ်ခိုင်းတာပေါ့ သူတို့လက်နက်တွေသယ်ခိုင်းတာ။ လူတွေတော့ ပြန်လွှတ်ပေးတယ်။ ရွာတွေကို လှမ်းပစ်တယ်ဆိုတာ လမ်းရှင်းတဲ့သဘော ပစ်တာလားမသိဘူး။ အခု မနက်က စီမူလေးရွာကို စီးပြီး စီမူကြီးရွာကို စီးတယ်။ အခု မံဝိန်းရွာဘက်ကို ပြန်စီးဖို့လုပ်နေတာ။ကလေးတစ်ယောက်ထိတယ်ဆိုတာ မံဝိန်းရွာကို လှမ်းပစ်တော့ ကလေးတစ်ယောက်ထိတယ်လို့ကြားတယ်။ ဒါ့ပေမယ့် ကလေးထိတာ မထိတာ အတိအကျမသိဘူး။ ကျွန်တော်အတိအကျ သိတာက မနေ့ညက ဖြစ်တဲ့တိုက်ပွဲမှာ ပြည်သူ့စစ်သား တစ်ယောက်ကတော့ ပုခုံးကိုထိသွားတယ်။ သူတို့ဘက်က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျတာတော့ ၅ယောက်၊ ၆ယောက်ကျတယ်လို့ ကြားတယ်။”ဟု ရွှေကူဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညက စစ်ကောင်စီတပ်များ ဝင်လာစဉ် PDF များက ပစ်ခတ်ခြင်းမရှိဘဲ ရှောင်ပေးခဲ့သော် လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ နေအိမ်၊ ကျောင်းနှင့် လူထိခိုက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ကင်းပုန်းဝပ်သည့် ဒေသခံများက ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသခံက ပြောပြသည်။

“ရွာက ကလေးတွေထိ ကျောင်းတွေထိ အိမ်တွေထိဆိုတော့ ကင်းပုန်းဝပ်ထားတဲ့ ရပ်သားရွာသားတွေကလည်း တက်နိုင်ရာတူမီးလေးတွေ ကိုင် ထားတာပေါ့။ ကျန်တဲ့ သေနတ်မောင်းပြန်တို့ဘာတို့ဆိုတာက တစ်ရွာမှ နှစ်လောက်ပဲ ချပေးနိုင် တာ။အဲဒါဆိုတော့ ပြန်ခုခံဖို့ အားမရှိဘူး။ သူများက အလုံးအရင်း ရာနဲ့ချီပြီးမှ ဝင်လာတာလေ။အဲဒါဆိုတော့ ရှောင်ရုံပဲရှိတာကိုး။ အခုမှ KIAဘက်က ဆင်းလာတယ်ထင်တယ်။ လက်နက် သံတော်တော်များများ ကြားရတယ်။ KIA ဘက် က ဆင်းလာလို့ထင်တယ် အခု အသဲအသန်ချနေပြီ” ဟု ရွှေကူဒေသခံက ယနေ့ နေ့လည် ၁နာရီခန့်တွင် ပြောသည်။

စစ်ကောင်စီတပ်ကလည်း ရေကြောင်းမှ အင်အားဖြည့်တင်းရန် စီစဉ်နေသကဲ့သို့ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မည်ဟု သတင်းကြားသိရကြောင်း ကချင်ဒေသခံက ပြောသည်။

“KIAတွေကလည်း သူတို့ တောထဲက အဖွဲ့အစည်းတွေ အကုန်လုံးဆင်းလာတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ဘယ်လောက် အင်အား ဆင်းလာတယ်ဆိုတာတော့ အတိအကျ မသိရဘူး”ဟု ၎င်းက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီ၏ဝါဒဖြန့်မီဒီယာများနှင့် အ​ကောင့်များကအဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးသည်ကိုမ​ဖော်ပြဘဲ တိုက်ခိုက်ခံရသဖြင့်ပြည်သူအချို့​သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုသာ​ဖော်ပြ​နေသာ်ကိုတွ့ရသည်။

သတင်း

ကချင်- စစ်ကိုင်း အစပ်ဒေသများတွင် အောက်တိုဘာ ၄ရက်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

သတင်း

ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီခန့်က ပစ်ခတ်မှုဖြစ်တာလို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ လူမှု ကူညီကယ်ဆယ်ရေးအသင်းတစ်ခု ဆီကနေ စုံစမ်းသိရှိရပါတယ်။

သတင်း

အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ - နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။