Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုရှိ

အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ – နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းစကာလက မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
စစ်တပ်အာဏာသိမ်းစကာလက မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းမှ စစ်သားအများဆုံးပါသော ယာဥ်အားရွေးချယ်ပြီး မိုင်းဆွဲတိုက်ခို​က်ရာ တစ်စီးလမ်းဘေးထိုးကျပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်- NYSGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ၏ ၅စီးပါ ယာဥ်တန်းအား ငါန်းမြာ-ငါန်းဇွန် ကားလမ်းမပေါ် နတ်ကြီးရွာနှင့် ကုန်းလည်ရွာကြားအရောက်၌ စစ်ကောင်စီတပ်သားအများဆုံးပါသော ယာဥ်အားရွေးပြီး ပဒေသာမိုင်း (၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယာဥ်နှစ်စီး တည့်တည့်ထိမှန်ခဲ့ပြီး တစ်စီးမှာ လမ်းဘေးသို့ ထိုးကျပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားခဲ့ကြောင်း 27 Revolution Force က ပြောသည်။

ထို့အပြင် ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁) 27 Revolution Force မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

“ဆီမီးခုံ-ငါန်းဇွန်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး စခတွေက ဘေးဝန်းကျင်ရမ်းပစ်ခဲ့တယ်။ ပြီးတော့ ရှေ့ဆက်မသွားရဲတော့ဘဲ နီးရာသားကျင်ရွာကစာသင်ကျောင်းမှာ ညအိပ်နေခဲ့တယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ – နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီ၏ဝါဒဖြန့်မီဒီယာများနှင့် အ​ကောင့်များကအဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးသည်ကိုမ​ဖော်ပြဘဲ တိုက်ခိုက်ခံရသဖြင့်ပြည်သူအချို့​သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုသာ​ဖော်ပြ​နေသာ်ကိုတွ့ရသည်။

သတင်း

ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

သတင်း

မီးရှို့ပြီးထွက်သွားသည့် စစ်ကြောင်းသည် ရှင်မတောင် တောင်ခြေသို့ထွက်သွားခဲ့ပြီး လမ်းတွင်ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

အသက် ၇၂ ခန့်အရွယ်ရှိဦးစန်းလွင်သည်စစ်အုပ်စုကအာဏာသိမ်းယူပြီးနောက်၂၀၂၁အသစ်ဖွဲ့စည်းခဲ့သည့်ဥပဒေရေးရာဝန်ကြီးဌာန၏ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်တာဝန်ကိုယူခဲ့သူဖြစ်သည်။