Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ

ငဖဲမြို့နယ် ၊ ဘုံးဘောကျေးရွာ က အသက် ၁၇ နှစ်အရွယ် မိုင်နှောင်ပါလှ နဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေစင်ရဲ တို့ဟာ အောက်တိုဘာလ ၆ ရက်က ဂုတ်ကြီးရွာကိုသွားရောက်စဉ်မှာပျောက်ဆုံးသွားတာပါ။

ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ
ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ငဖဲမြို့နယ် အတွင်း ပျောက်ဆုံးနေတဲ့ ချင်းအမျိုးသမီးငယ် ၂ ဦး ရဲ့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုရှာတွေ့ပြီလို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ က ဒီနေ့မှာထုတ်ပြန်ပါတယ်။

ငဖဲမြို့နယ် ၊ ဘုံးဘောကျေးရွာ က အသက် ၁၇ နှစ်အရွယ် မိုင်နှောင်ပါလှ နဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေစင်ရဲ တို့ဟာ အောက်တိုဘာလ ၆ ရက်က ဂုတ်ကြီးရွာကိုသွားရောက်စဉ်မှာပျောက်ဆုံးသွားတာပါ။

ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ
ငဖဲမြို့နယ်အတွင်း ချင်းအမျိုးသမီးငယ် ၂ ဦးသတ်ဖြတ်ခံရ

၃ ရက်အကြာ အောက်တိုဘာလ ၉ ရက်မှာတော့ ဘုံးဘောရွာ ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ မြေလတ်ရွာအနီး လည်ပင်းနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာအများအပြားနဲ့တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ချင်းအမျိုးသမီးငယ် ၂ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အပေါ် ကျုးလွန်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လိုအပ်သလို ကူညီပံ့ပိုးပေးသွားမယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အသိပေးထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း Black Wolf PDFအဖွဲ့ ရဲဘော်တစ်ဦးနှင့် ဒေသခံပြည်သူနှစ်ဦးကို သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ ၂ စီး၊ ရဟက်ယာဥ်လေးစီးဖြင့်...

သတင်း

ဓားပြတိုက်ခံရတဲ့အချိန်မှာ နေအိမ်မှာ သားအမိ ၂ ဦးတည်းရှိနေတာဖြစ်ပြီး ၂ဦးလုံးအသတ်ခံလိုက်ရတာလို့ ဒေသခံ အချို့က ပြောပြပါတယ်။

သတင်း

ဒေသအလိုက်အနေနဲ့ နွားကြီးမြို့နယ် က ၅ဦး ၊ညောင်ဦး က ၄ ဦး ၊ကျောက်ဆည် က ၁ ဦးနဲ့တောင်သာက ၁ ဦးတို့ ရက်ရက်စက်သက် အသတ်ခံလိုက်ရတာပါ။

သတင်း

စက်တင်ဘာလ ၂၈ ရက်က ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် − မန္တလေးလမ်း ဘေးမှာ အသက် ၃၀ အရွယ်အမျိုးသမီး ကိုသတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တာပါ။