Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာမှ ဖမ်းဆီးခံအလုပ်သမားများ ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့များ တောင်းဆို

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - IndustriALL Global Union
ဓာတ်ပုံ - IndustriALL Global Union

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံနေရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၆ဝဦး အပါအဝင် ဖမ်းဆီးခံ ဒီမိုကရေစီအရေးတိုက်ပွဲဝင် တက်ကြွလှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် ယမန်နေ့(အောက်တိုဘာ ၁၁)က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နိုင်ငံတကာအလုပ်သမား သမဂ္ဂအဖွဲ့များက တောင်းဆိုဆန္ဒပြခဲ့သည်။

နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက “Relese All Imprisoned Trade Unionists in Myanmar Now” (မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ အလုပ်သမားသမဂ္ဂတွေ အားလုံးကို လွှတ်ပေးပါ) စာသားနှင့် ဖမ်းဆီးခံ ​မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ ရုပ်ပုံများ ကိုင်ဆောင်၍ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံ မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးအပါအဝင် လုံခြုံစိတ်ချရသည့် အခြေအနေရရှိရန်နှင့် မိသားစုထံကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လည်း စုပေါင်းတောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ကြောင်း AAက ထုတ်ပြန်သည်။

သတင်း

"သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ"ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။

သတင်း

အောက်တိုဘာလ(၅)ရက်တွင် စစ်ကောင်စီတပ်မှ ကားသုံးစီး အင်အားအပြည့်ဖြင့် မုန်းဒေသအတွင်းသို့ ရောက်လာပြီး မုန်းတွင်နေထိုင်သည့် အမျိုးသမီး(၅)ဦးအပါအဝင် ပြည်သူ(၁၅)ဦးထက်မနည်းကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သတင်း

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပန်ကြားချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။