Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ်ရှိ ကျေးရွာ(ပအဖ)တာဝန်ခံများကို ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ဖွဲ့စည်း

ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်ရေးလုပ်ငန်းဖြစ်၍ ကျေးရွာများရှိ ပြည်သူလူထု ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခြင်းဖြစ်ကြောင်း မြို့နယ်(ပအဖ) ဒုတာဝန်ခံလည်းဖြစ်သူ ရဲဘော်ဝေကြီးက ပြောသည်။

(ရေစကြိုမြို့နယ်၊ ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ဖွဲ့စည်းနေစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(ရေစကြိုမြို့နယ်၊ ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ဖွဲ့စည်းနေစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ရပ်/ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကိုလည်းဖွဲ့စည်းခဲ့

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး(ပအဖ) တာဝန်ခံများ ရွေးချယ်တင်မြောက် ဖွဲ့စည်းခဲ့ကြောင်း ရေစကြိုမြို့နယ်(ပအဖ)က ယနေ့(အောက်တိုဘာ ၁၂ရက်)တွင် ထုတ်ပြန်သည်။

ရေစကြိုမြို့နယ်၊ ကျေးရွာများတွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပူးပေါင်း၍ ကျေးရွာလူထုစည်းဝေးပွဲများပြုလုပ်ပြီး ရပ်/ကျေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့များ ရွေးကောက်ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။

“ရပ်ကျေး ပကဖကတော့ ရပ်ရွာ ကာကွယ်ရေးလုပ်နိုင်တဲ့သူပေါ့။ မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မယ့် ကာကွယ်ရေးသမားတွေ ဖွဲ့တာပေါ့။ ရပ်ရွာကာကွယ်ရေးဆိုတော့ ရပ်ရွာနဲ့ ဆိုင်တာပေါ့။ ရပ်ရွာလုံခြုံရေး၊ ကာကွယ်ရေးအတွက် ဆောင်ရွက်ရတာပေါ့။ အဲဒီလိုမျိုးဆောင်ရွက်နိုင်တဲ့သူပေါ့။ စစ်ပညာ သင်ကြားလိုတဲ့သူ ၊ ကျန်းမာရေးကောင်မွန်တဲ့သူတွေနဲ့ ဖွဲ့တာပေါ့”ဟု ရေစကြိုမြို့နယ်(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်ရေးလုပ်ငန်းဖြစ်၍ ကျေးရွာများရှိ ပြည်သူလူထု ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခြင်းဖြစ်ကြောင်း မြို့နယ်(ပအဖ) ဒုတာဝန်ခံလည်းဖြစ်သူ ရဲဘော်ဝေကြီးက ပြောသည်။

“သူတို့ကို အုပ်ချုပ်စီမံတဲ့သူ ဖြစ်တဲ့အတွက်လေ။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဒီမိုကရေစီ စနစ်ကို သွားချင်တာ။ သွားချင်တော့ ဒီမိုကရေစီ အစိုးရအမျိုးသားညီညွတ်ရေးအစိုးရကလည်း ညွှန်ကြားထားတာရှိတာကိုး။ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးပေါ့ ရပ်ကျေးအဖွဲ့တွေ ဖွဲ့စည်းတဲ့အခါ အများပြည်သူရဲ့ ဆန္ဒနဲ့ရွေးချယ်တင်မြှောက်သော ပုဂ္ဂိုလ်သာ၊ ကျေးရွာနေ ပြည်သူ လူထုက အာဏာအပ်နှင်းသော ပုဂ္ဂိုလ်သာ အုပ်ချုပ်ရေးတာဝန်ခံအဖြစ် ရွေးချယ်ရမယ်ဆိုတော့ ကျွန်တော်တို့ အဲဒီမူတွေနဲ့ ရွေးတာဗျ”ဟု ရဲဘော်ဝေကြီးက ရှင်းပြသည်။

ထိုသို့ ဖွဲ့စည်းရာတွင် ရေစကြိုမြို့နယ်ရှိ ကျေးရွာအများစုကို လွှမ်းခြုံ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရေစကြိုဒေသသည် စစ်အာဏာရှင် ခုခံတော်လှန်ရေးအားကောင်းသည့်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်များကလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် ရေစကြိုနယ်ရှိ ကျေးရွာအများအပြားကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် ၎င်းတို့ကို ဆန့်ကျင်သည့် ဒေသများ၌ ထိုသို့ ပြည်သူလူထုအပေါ် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လေ့ရှိသည်။

“ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံးဝအုပ်ချုပ်ခွင့် မရစေရ။ ရေစကြိုမြို့နယ်ကို မိမိတို့ရေစကြိုပြည်သူလူထုကိုယ်တိုင် ကာကွယ်စောင့်ရှောက်ကြမည်”ဟု ရေစကြို(ပအဖ)က ယနေ့ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တပ်မ(၆၆)မှ စစ်ကောင်စီတပ်သား အောင်ဇင်ဦးသည်ရေစကြိုမြို့နယ်သစ်ကြီးတောကျေးရွာဇာတိဖြစ်ကြောင်းN-YSOထံမှ သိရသည်။

သတင်း

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။

သတင်း

စစ်အုပ်စု​၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ရှိနေဆဲဖြစ်၍ ဝင်ရောက်မီးငြှိမ်း သတ်နိုင်ခြင်းမရှိဘဲ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။