Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီတပ်သားနှင့်ပျူ နှစ်ဦးအား ပစ်ခတ် တိုက်ခိုက်

လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား အသုံးပြုခဲ့သည်။

အသုံးပြုခဲ့သော ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား စစ်ဆင်ရေးမသွားမီတွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf PDF-MDY
အသုံးပြုခဲ့သော ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား စစ်ဆင်ရေးမသွားမီတွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf PDF-MDY

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် လက်ဖက်ရည် ထိုင်သောက်နေသော စစ်ကောင်စီတပ်ဖွဲဲ့ဝင်နှင့်ပျူစောထီး နှစ်ဦးအား အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF-MDY ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၁ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရေစကြိုမြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်နှင့်ပျူများ ထိုင်နေကျ နေရှင်နယ်လက်ဖက်ရည်ဆိုင်အတွင်း၌ ရောက်ရှိနေသော စစ်ကောင်စီတပ်သားနှင့်ပျူ နှစ်ဦးအား မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Wolf PDF-MDY၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။

လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား အသုံးပြုခဲ့သည်။

Public Service Announcement
Public Service Announcement

ပစ္စတိုနှင့်ပစ်ခတ်စဥ် ပျူ တစ်ဦးလက်မောင်းထိမှန် လှဲကျစဥ်တွင် လျက်ဆားပုလင်းမိုင်းတစ်လုံး ထပ်မံပစ်သွင်းခဲ့ကြောင်း၊ နေရာတွင်ပင် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Black Wolf PDF-MDY ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။

စစ်သားနှင့်ပျူ နှစ်ဦးသည် လျက်ဆားပုလင်းမိုင်းကြောင့်လှဲကျကာ ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုမှုခံယူနေသည်ဟု ဗိုလ်သမိုင်းက ဆိုသည်။

“မနေ့က စစ်ဆင်ရေးက ​ွေးတွေ တော်တော် ထိထားတယ်။ မှတ်တမ်းရုပ်သံ ရိုက်ချိန်မရခဲ့ဘူး။ ရသလို ရရင်ရသလို လုပ်ခဲ့ရတော့ ပြင်ဆင်ချိန်မရှိလိုက်ဘူး။ မနေ့ကဟာက တော်တော်လေး အားရတယ်။သူတို့ ပစ်ချိန် မရခဲ့ဘူး။လက်ဖက်ရည် ထိုင်သောက်နေကြတာဆိုတော့လေ။ ပထမ တစ်ချက် ပစ်ပြီးပြီးချင်း လျက်ဆားပုလင်း ပစ်ထည့်လိုက်တာ ကြားထဲကို ၅စက္ကန့်အတွင်း ပေါက်ကွဲတာဆိုတော့ အဲ့ကောင်တွေ အတုန်းအရုန်းလဲတာပါပဲ။”ဟု ဗိုလ်သမိုင်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား MDY-PDF (မန္တလေးခရိုင် တပ်ရင်း-၃)၊ ဒေါင်းညီနောင် (MDYတပ်ရင်း -၃/တပ်ခွဲ-၃)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့( ပခုက္ကူ ခရိုင်တပ်ရင်း-၁၀/ တပ်ခွဲ- ၃)စသည့်မဟာမိတ်ညီနောင်အဖွဲ့များက မြို့ပြပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

Black Wolf PDF-MDYနှင့် မဟာမိတ်အဖွဲ့များသည် အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီ၏ရုံးပေါင်းစုံရှေ့၌ ကင်းစောင့်နေသော စစ်တပ်နှင့်ပျူများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်၍ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲ ကြုံကြရကြောင်း ဒေသခံက ပြောသည်။

သတင်း

အ​ပြန်လှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာ​မြင့်ပြီး နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်​ကောင်စီ၏ဝါဒဖြန့်မီဒီယာများနှင့် အ​ကောင့်များကအဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးသည်ကိုမ​ဖော်ပြဘဲ တိုက်ခိုက်ခံရသဖြင့်ပြည်သူအချို့​သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုသာ​ဖော်ပြ​နေသာ်ကိုတွ့ရသည်။

သတင်း

အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ - နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။