Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားသည်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများမှာ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သော စစ်တပ်၏ ရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

ယင်းနိုင်ငံများအနေဖြင့် မြန်မာစစ်တပ်သို့ လက်နက်များ၊ ဆက်စပ်နည်းပညာများနှင့် ဆက်စပ် စစ်လက်နက်ပစ္စည်းများ ရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန် သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံမှတဆင့် အောက်တိုဘာ ၁၁ရက်တွင် တောင်းဆိုသည်။

စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး
စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားသည်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများကို အမည်တပ် ပြောကြားခြင်းမရှိသော်လည်း မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ တောင်းဆိုမှုများကို မသိကျိုးကျွန်ပြုကာ တရားမဝင်အာဏာသိမ်းစစ်တပ်ထံသို့ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေသောနိုင်ငံများ ရှိနေကြောင်း ၎င်းက ညီလာခံသို့ ပြောသည်။

စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး
စစ်တပ်ကို လက်နက်ရောင်းချနေသည့်နိုင်ငံများမြန်မာပြည်သူများအပေါ် ကျူးလွန်သောရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေဟု မြန်မာသံအမတ်ကြီး သတိပေး

အဆိုပါနည်းလမ်းဖြင့်ရရှိသော လက်နက်များကို အသုံးပြု၍ စစ်တပ်သည် အပြစ်မဲ့မြန်မာပြည်သူများအပေါ် ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်း ဆက်ပြောသည်။

ထို့အပြင် စက်တင်ဘာ ၁၆ ရက်က စစ်တပ်သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို ရဟတ်ယာဉ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့စွာ ပညာသင်ကြားနေသည့် ကလေးငယ် (၇) ယောက်အပါအဝင် အနည်းဆုံး လူ (၁၃) ဦး သေဆုံးခဲ့ရကြောင်းနှင့် စစ်တပ်သည် ယင်းကဲ့သို့ လူမဆန်သောရက်စက်မှုများကို ပထမအကြိမ်၊ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် ကျူးလွန်နေခြင်း မဟုတ်သကဲ့သို့ နောက်ဆုံးအကြိမ် ကျူးလွန်နေခြင်းလည်း မဟုတ်ကြောင်း သံအမတ်ကြီးက ကုလညီလာခံသို့ ထပ်မံအစီရင်ခံသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

သတင်း

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။

သတင်း

ယမန်နေ့တွင် ကျင်းပသည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး၌ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ သံအမတ်ကြီးက မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းအစီရင်ခံသည်။