Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယာယီပိတ်ထားသည့် ရွှေဘို – ရေဦးလမ်းပိုင်း စစ်တပ်ကသွားခိုင်း၍ ဖြတ်သန်းသူအချို့ မိုင်းထိ

ရွှေဘို​ – ညောင်ပင်သာ – ရေဦးလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည့်ကြားမှ ဖြတ်သန်းသွားလာသူများရှိနေပြီး မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလဆန်းပိုင်းက ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ကုန်တင်ယာဥ်များ၊ဓာတ်ပုံ - CJ
အောက်တိုဘာလဆန်းပိုင်းက ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ကုန်တင်ယာဥ်များ၊ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ရွှေဘို-ရေဦးလမ်းပိုင်းအား ယာယီပိတ်ထားချိန် စစ်ကောင်စီတပ်ကသွားခိုင်း၍ ဖြတ်သန်းသွားလာသူအချို့ မိုင်းထိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ရွှေဘို​ – ညောင်ပင်သာ – ရေဦးလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည့်ကြားမှ ဖြတ်သန်းသွားလာသူများရှိနေပြီး မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“တမြန်နေ့ကလည်း ​ွေးတွေက လွှတ်လိုက်လို့လဲ လမ်းပေါ်တက်တယ်။ မိုင်းမိတယ်။ မနေ့ကလ​ည်း သားအဖသုံးယောက်မိုင်းထိတယ်။ ခဏခဏတင်ပေးတယ်။ မတက်ဖို့ရာ။ အခုလို လမ်းမပေါ်တက်ပြီး တစ်ခုခုဖြစ်တော့ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သားတွေပဲ အထင်လွဲခံရတယ်။”ဟု SBLPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

ရွှေဘို – ရေဦးလမ်းပေါ်ရှိ ပန်းရံ-လိပ်ချင်း-စိုက်ပျိုးရေးလမ်းပိုင်းအပါအဝင် မည်သည့်လမ်းကိုမျှ သွားလာခွင့်ပြုမထားကြောင်း၊ စစ်ကောင်စီတပ်နှင့်နောက်လိုက်များ၏ နားယောင်ပြီး လမ်းပေါ်မတက်မိရန် SBLPDF အဖွဲ့က မေတ္တာရပ်ခံသည်။

“နယ်တွေမှာ အင်တာနက်လိုင်းမပြောနဲ့ ဖုန်းလိုင်းတောင် ကောင်းကောင်းမရကြဘူး။ တချို့ရွာသူ ရွာသားတွေက မသိကြတာလည်း ဖြစ်နိုင်ပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

​ပြီးခဲ့သည့် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းပိုင်းကလည်း ရွှေဘို – ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ညောင်ပင်သာစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ ကားအစီးရေရာချီပိတ်မိခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လမ်းပိုင်းယာယီပိတ်ထားသောလမ်းများသည် စစ်ကောင်စီတပ်များ မကြာခဏဖြတ်သန်းကာ လမ်းတစ်လျှောက်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီး မွှေနှောက်လေ့ရှိသည်။

သတင်း

အရေးပေါ် အခြေနေမှလွဲ၍ လမ်းအသုံးပြုမှုကိုယာယီရပ်ဆိုင်းထားရန်နှင့် သွားလာမည်ဆိုပါက နီးစပ်ရာအဖွဲ့များဖြင့် ချိတ်ဆက်သွားလာကြရန်ဝက်လက်နယ်အခြေစိုက် GZ Special Task Force-Wetletက သတိပေးသည်။

သတင်း

စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Burma Rangers (ShweBo)က အသိပေးသည်။

သတင်း

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ည ၉နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းပိုင်းပေါ် မိုင်းသွားတပ်ဆင်နေချိန် တောပုရွာမှ ပျူများနှင့် ထိတွေ့မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက် ​ပြောသည်။