Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ

ပြင်သစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ သမိုင်းဝင် ခေါင်းဆောင်များ အပါအဝင် ဒီမိုကရေစီ အတိုက်အခံအင်အားစုများ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖေါ်ဆောင်ရေးအတွက် ၎င်း၏ ကတိကဝတ်ကို ထပ်လောင်းပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ

စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်က အပြင်းထန်ဆုံးရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

မြန်မာစစ်တပ်သည် တရားဥပဒေကို ရည်ရွယ်ချက်ရှိစွာ နိုင်ငံရေး၊ ပါတီစွဲအရ အသုံးချခြင်းဖြစ်သည်ဟုလည်း ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။

ယခု ပြစ်ဒဏ်အသစ်သည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားသွားစေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာမဲ့စွာ သိက္ခာချကာ အရပ်သားခေါင်းဆောင်ကို နိုင်ငံရေးမှ အပြီးအပိုင်ဖယ်ရှားပစ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ဆန္ဒကို ပြသခြင်းဖြစ်သည်ဟု ဆိုသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ချမှတ်ပြီးလည်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုထားခဲ့ပြီး ၁၄ မှုအပေါ် အမိန့်ချမှတ်ပြီးရာ ၅ မှု ကျန်ရှိနေသေးသည်။

ပြင်သစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ သမိုင်းဝင် ခေါင်းဆောင်များ အပါအဝင် ဒီမိုကရေစီ အတိုက်အခံအင်အားစုများ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖေါ်ဆောင်ရေးအတွက် ၎င်း၏ ကတိကဝတ်ကို ထပ်လောင်းပြောသည်။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်သည့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ပြင်သစ်က ထပ်မံတောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် စစ်ဆေးခံရတဲ့ မောင်ဝိတ်ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ကာ စစ်ကောင်စီက တရားစွဲတာဖြစ်ပါတယ်။

သတင်း

ဒါဟာ အမှုကို မြန်မြန်ဖြတ်ပြီး ထောင် မြန်မြန်ချဖို့လုပ်နေတာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

သတင်း

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃နှစ် ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။

သတင်း

ဦးမောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့အမှုမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့တရားစွဲထားတာပါ။