Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လမ်းကြောင်းများ၌ ပြည်သူ့ထံမှ ငွေကောက်ခံခြင်းလုံးဝမပြုရန် တပ်ဖွဲ့ဝင်များအား အမိန့်ထုတ် ထားဟု CNO/CNDF အသိပေး

CNO/CNDF အမည်သုံးပြီး ငွေကြေးကောက်ခံမှု ပြုလုပ်နေခြင်းများ ရှိနေသည့်အပေါ် ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ အထူးကွန်မန်ဒိုသမားများ လေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ အထူးကွန်မန်ဒိုသမားများ လေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CNDF

▪️အဖွဲ့အမည်သုံးပြီး ငွေကြေးကောက်ခံနေသူများတာဝန်ခံရမည်ဟု သတိပေး

ချင်းပြည်နယ် ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်းနှင့် လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်းတွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရန် တပ်သားများအားလုံးထံ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယနေ့ ထုတ်ပြန်သည်။

CNO/CNDF အမည်သုံးပြီး ငွေကြေးကောက်ခံမှု ပြုလုပ်နေခြင်းများ ရှိနေသည့်အပေါ် ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကလေး-တီးတိန်-တီအိုချောင်း လမ်းမတလျှောက်တွင် CNO/CNDF မှ တပ်စွဲထားခြင်း မရှိသကဲ့သို့ ပြည်သူများထံမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်း လုံးဝ (လုံးဝ) မရှိကြောင်း၊ သို့သော် CNO/CNDF အမည်နာမကို အလွဲသုံးစားလုပ်၍ လမ်းမကြီးတွင် ငွေကြေးကောက်ခံနေကြောင်း ပြည်သူများထံမှ ကြားသိရသည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဖလမ်းမြို့နယ်အတွင်း စစ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခွန်ကောက်ခံရေး ကိစ္စအဝဝတွင် CNO/CNDFသည်သာ စီမံပိုင်ခွင့် ရှိသည့်အလျောက် CNO/CNDFအမည်နာမကို အသုံးပြုလျက် ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်လာပါက ထိုကဲ့သို့ လုပ်ရပ်များသည် တရားဝင်မှုမရှိကြောင်းနှင့် လုပ်ဆောင်သူများက မိမိတို့လုပ်ရပ်အပေါ် တာ၀န်ခံရမည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

CNO/CNDF မှ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်းနှင့် မိမိတို့လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်း တွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် CNDF တပ်သားများအားလုံးထံ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်သူများမှ မေတ္တာဖြင့်ပေးကမ်းလာသော လက်ဆောင်များပင် အဖွဲ့ခေါင်းဆောင်ထံသို့ အသိပေး အကြောင်းကြားပြီးမှသာ စနစ်တကျလက်ခံရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လမ်းမကြီးတစ်လျှောက် တပ်စွဲသည့် နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူများထံ အခွန်ကဲ့သို့လည်းကောင်း၊ ဆက်ကြေးကဲ့သို့ သော်လည်းကောင်း ငွေကြေးကောက်ခံခြင်း တစ်စိုးတစ်စဉ်းမျှ မရှိခဲ့ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မီးဘေးသင့်ပြည်သူများအတွက် မီးဘေးသင့်ပြည်သူ တစ်ဦးလျှင် ၈,၅၀၀ကျပ် နှင့် တစ်အိမ် ထောင်လျင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေး ဆက်လက် အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ကြောင်း AAက ထုတ်ပြန်သည်။