Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူရန် ကုလ၌ မြန်မာသံအမတ်ကြီး တိုက်တွန်း

လူမဆန်သည့် စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးတို့ကိုလည်း အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း ဆက်ပြောသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူရန် ကုလ၌ မြန်မာသံအမတ်ကြီး တိုက်တွန်း
တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူရန် ကုလ၌ မြန်မာသံအမတ်ကြီး တိုက်တွန်း

မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးပြုကာ စစ်အာဏာ ရှင်များကို တရားစီရင်နိုင်ရန် အင်အားစိုက်ထုတ်နေသည့် ကြိုးပမ်းမှု အားလုံးကို ကြိုဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

မြန်မာပြည်သူများအပေါ် စစ်တပ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇ၀တ်မှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဖြစ်နိုင်သည့် နည်းလမ်းဖြင့် မဖြစ်မနေ အပြစ်ပေးအရေးယူကာ ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက အောက်တိုဘာ ၁၂ ရက်တွင် အထွေထွေညီလာခံသို့ ပြောသည်၊

အမျိုးသားညီညွတ်ရေးအစိုးရက တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကိုအသုံးချမှုနှင့်ပတ်သက်၍ အပြု သဘောဆောင်သည့် ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ပြီး သက်ဆိုင်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီတွင် တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ချိန်မှအစပြု၍ စိန်ခေါ်မှုမြောက်များစွာကို ရင်ဆိုင်လျက်ရှိပြီး ပြည်သူများ၏ ဆန္ဒမှန်ကိုဆန့်ကျင်သည့် မလိုလားအပ်သောဒုက္ခများကို ပြည်သူများကြုံတွေ့နေရကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

လူမဆန်သည့် စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးတို့ကိုလည်း အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း ဆက်ပြောသည်။

မြန်မာစစ်တပ်သည် တရားဥပဒေစိုးမိုးမှု၊ စံနှုန်းနှင့် အခြေခံမူများကို မျက်ကွယ်ပြုခြင်း၊ အထူးသဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို လုံးလုံးလျားလျား မျက်ကွယ်ပြုခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် လူကဖန်တီး၍ ဖြစ်ပေါ်လာသော ဆိုးကျိုးများ၏ နောက်ဆက်တွဲ လူမှု-စီးပွားဘဝနှင့် လုံခြုံရေးကျဆင်းမှု တို့ကို ရင်ဆိုင်ကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးငယ်များအပါအဝင် အခြားသောလူကုန်ကူးမှုများ၊ နေရပ်စွန့်ခွာမှုများနှင့် ဒုက္ခသည်များဖြစ်နေရခြင်း တို့မှာ ပြည်သူများနေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားသည်။

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။

သတင်း

ယမန်နေ့တွင် ကျင်းပသည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး၌ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ သံအမတ်ကြီးက မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းအစီရင်ခံသည်။

သတင်း

စင်စစ်အားဖြင့် တရားမဝင်စစ်အာဏာသိမ်းမှုသည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှုအရသော်လည်းကောင်း အလျဉ်းမရှိကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။