Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတမြို့တွင်’နန်းထိုက်အောင် စစ်ဆင်ရေး’ အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး အကြောင်းပြကာ မြို့ခံများထံမှ ‌နေ့စဉ် မတရားငွေကောက်ခံနေသည့် စစ်ကောင်စီနှင့် ဌာနဆိုင်ရာဝန်ထမ်းအုပ်စုကို ဆိုင်ကယ်တွင် ဗုံးဆင်၍ တိုက် ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

ဟင်္သာတမြို့တွင်'နန်းထိုက်အောင် စစ်ဆင်ရေး' အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်
ဟင်္သာတမြို့တွင်'နန်းထိုက်အောင် စစ်ဆင်ရေး' အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်

ဟင်္သာတမြို့တွင် ယမန်နေ့က “နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(အောက်တိုဘာလ ၁၃ရက်)ညနေက ဟင်္သာတမြို့လယ် အာဇာနည်ပန်းခြံအနီးတွင် ရှိနေသော စစ်ကောင်စီအုပ်စုနှင့် အမှတ်(၂)ရဲစခန်းကို တပြိုင်နက်တိုက်ခိုက်ခံခြင်းဟု ဆိုသည်။

အဆိုပါ နေရာနှစ်ခုကို အဝေးထိန်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟင်္သာတမြို့နယ် ပြည်သူကာကွယ် ရေးအဖွဲ့က ထုတ်ပြန်သည်။

“ကား၊မော်တော်ဆိုင်ကယ်၊ စက်ဘီးများအား မတရားဖမ်းဆီး ငွေကြေးတောင်းယူနေသော အဖွဲ့အား အဝေးထိန်း ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲခဲ့ပါသည်။ တပြိုင်တည်းမှာပင် ဟင်္သာတမြို့နယ် အမှတ်(၂)ရဲစခန်းကိုလည်း ထိုနည်းတူ ဖောက်ခွဲခဲ့ပါသည်”ဟု ထုတ်ပြန်ထားသည်။

မြို့အပြင်ဘက်တွင်ရှိသော အမှတ် (၂)ရဲစခန်းတိုက်ခိုက်မှုတွင် ထိခိုက်မှုကို မသိရသေးသော်လည်း အာဇာနည်ပန်းခြံအနီးတိုက်ခိုက်မှုတွင် ရဲနှစ်ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးသွားသည်ဟု မြို့ခံများကပြောသည်။

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး အကြောင်းပြကာ မြို့ခံများထံမှ ‌နေ့စဉ် မတရားငွေကောက်ခံနေသည့် စစ်ကောင်စီနှင့် ဌာနဆိုင်ရာဝန်ထမ်းအုပ်စုကို ဆိုင်ကယ်တွင် ဗုံးဆင်၍ တိုက် ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဟင်္သာတဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (HLPDF)နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့နှင့်အနီးကပ်‌မနေကြရန်လည်း ဟင်္သာတမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဟင်္သာတမြို့လယ်ရှိ အာဇာနည်ပန်းခြံအနီးတွင် ယနေ့ ညနေ ၄နာရီ ၁၀ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအုပ်စုကို ဦတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

ဆောင်းပါး

ပုဂ္ဂလိက CDM ဝန်ထမ်း​တွေရဲ့ ရဲစွမ်းသတ္တိနဲ့အနစ်နာခံကြိုးစားမှု​ကြောင့်မြန်မာနိုင်ငံထဲက ကမ္ဘာသိ စီမံကိန်းကြီးတစ်ခုရပ်နား​နေရတယ်ဆိုတာကို​သိသူက​တော့အလွန်နည်းပါတယ်။ ဒါက​နွေဦး​​တော်လှန်​ရေးမှာ ပုဂ္ဂလိဝန်ထမ်း CDM ​တွေကြောင့် ထင်သာမြင်သာအရှိဆုံး ​အောင်မြင်မှု​တွေထဲကတစ်ခုဖြစ်ပါတယ်။ဝန်ထမ်း​ပေါင်း ၇၀၀၀ ​ကျော်ရှိတဲ့ နိုင်ငံတကာစီမံကိန်းကြီးဟာ စစ်အုပ်စုအာဏာသိမ်းမှု​နောက်ပိုင်းခတ္တရပ်နားခဲ့ပြီး​တော့ ဒီနှစ်ဆန်းမှာ ပြန်လည်ပတ်ဖို့ ကြိုးစား​ခဲ့​ပေမယ့် ဝန်ထမ်း​တွေရဲ့CDMလုပ်မှု​ကြောင့် ဒီ​နေ့အထိ ရပ်တန့်ထားရတာဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGG)ကလည်း ပြည်သူလူထု နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

လမ်း​ထောင့်စစ်ကောင်စီကင်းရုံးနှင့်နီးကပ်သည့်အတွက် ​ဖောက်ခွဲတိုက်ခိုက်ပြီး​နောက်အဖွဲ့ဝင်များ အမြန်ဆုတ်ခဲ့​​ကြောင်း ဗိုလ်တွတ်ပီက​ပြောသည်။​ပေါက်ကွဲပြီးခဏအကြာတွင်စစ်​ကောင်စီတပ်သားများ ​ရောက်လာကြ​ကြောင်း ၎င်းကဆက်​ပြောသည်။