Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သဖန်းဆိပ်ဆည်ဒေသတွင် ခရီးသွားပြည်သူများ လိုက်နာရမည့်အချက်များ ဒေသကာကွယ်ရေးအဖွဲ့များထုတ်ပြန်

ထို့အပြင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ​ရေနံ​မှော်​အနီးတွင် စစ်​ကောင်စီတပ်က စစ်​ရေးလှုပ်ရှား​နေ၍ ပြည်သူများ ရေနံ​မှော်ဘက်သို့ သွားလာခြင်းမပြုကြရန် ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့များက တားမြစ်ထားသည်။

သဖန်းဆိပ်ဆည်ဒေသတွင် ခရီးသွားပြည်သူများ လိုက်နာရမည့်အချက်များ ဒေသကာကွယ်ရေးအဖွဲ့များထုတ်ပြန်
သဖန်းဆိပ်ဆည်ဒေသတွင် ခရီးသွားပြည်သူများ လိုက်နာရမည့်အချက်များ ဒေသကာကွယ်ရေးအဖွဲ့များထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်​ဒေသ၌ ကုန်းလမ်း၊ရေလမ်းသွား ပြည်သူများလိုက်နာရမည့်အချက်များအား ပြည်သူ့ကာကွယ်​ရေးအဖွဲ့များက ထုတ်ပြန်သတိပေးသည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ဒေသအား အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်များက အောက်တိုဘာ ၁၂ ရက်​တွင် အမိန့်​ကြေညာချက်တ​စ်စောင် ထုတ်ပြန်ထား​သည်။

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ဒေသအနီးတဝိုက်တွင် ကုန်းလမ်း၊​ရေလမ်းဖြင့် သွားလာကြမည့် ပြည်သူများအ​နေဖြင့် ည ၈ နာရီ မှ နံနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန်၊ ရေလမ်းအသုံးပြုမည်ဆိုပါက ၅ဦးထက်ပို၍ ​ရေယာဥ်မစီးနင်းကြရန်နှင့် ကုန်တင်ယာဥ်များအ​နေဖြင့် အမိုးအကာများ လှပ်၍ ​မောင်းနှင်ကြရန် သတိပေးသည်။

အဆိုပါ ကြေညာချက်အား နောက်ထပ်အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်းလိုက်နာ​ပေးကြရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ​ရေနံ​မှော်​အနီးတွင် စစ်​ကောင်စီတပ်က စစ်​ရေးလှုပ်ရှား​နေ၍ ပြည်သူများ ရေနံ​မှော်ဘက်သို့ သွားလာခြင်းမပြုကြရန် ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့များက တားမြစ်ထားသည်။

အောက်တိုဘာ ၄ ရက်နက သဖန်းဆိပ်ဆည်ရှိ ဆင်စွယ်ရဲစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သည်။ အောက်တိုဘာပထမပတ်အတွင်း၌ပင် ရဲကင်းကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများအား အဆိုပါတပ်က ကျောင်းသင်္ကန်းစနှင့် ထမ်းစင်ပြုလုပ် သယ်ဆောင်ကာ ဆုတ်ခွာသွားခဲ့ကြောင်း MUA ကပြောသည်။

သတင်း

ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

News

ထိုတွေ့ဆုံခဲ့သည့်နေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်​သော ​​ခြေမြန်တပ်ရင်း-ခမရ ၁၀၆/ ၅၈၈ တပ်ရင်းနှင့် ၃၄၃/ ၅၈၇ တပ်ရင်းကြားတွင်ဖြစ်သည်။