Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး ပညာရေးသပိတ်ဦးဆောင်သူ ဆရာမတစ်ဦးကို ထောင် ၈ နှစ်ချထား

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်
မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျခံနေရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး မြေပြင် ပညာရေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကျောင်းဆရာမ ဒေါ်သက်ဆုလှိုင်ကို ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထောင်ဒဏ် ထပ်ချတာလို့သိရပေမယ့် ရက်အတိအကျ မသိရသေးဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း အကြမ်းဖက်ပုဒ်မ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံထားရပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ကျခံထားရတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၉ လကျော်အကြာ အောက်တိုဘာလ ကုန်ပိုင်းက ဆရာမ ဒေါ်သက်ဆုလှိုင်အပါအဝင်အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက အဖွဲ့ဝင်အချို့ကို မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပြင်သစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ သမိုင်းဝင် ခေါင်းဆောင်များ အပါအဝင် ဒီမိုကရေစီ အတိုက်အခံအင်အားစုများ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖေါ်ဆောင်ရေးအတွက် ၎င်း၏ ကတိကဝတ်ကို ထပ်လောင်းပြောသည်။

သတင်း

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် စစ်ဆေးခံရတဲ့ မောင်ဝိတ်ရဲ့ ထွက်ဆိုချက်ပေါ်မူတည်ကာ စစ်ကောင်စီက တရားစွဲတာဖြစ်ပါတယ်။

သတင်း

"သူတို့က ဒီဘက်ကမ်းကို ပြန်ပြေးကြတာ။ သူ့ယောင်္ကျားက သူ့ကိုပြန်ဆွဲခေါ်ခဲ့လို့ အလောင်းကပြန်ပါ ပါတယ်" ဟု ဆရာမဒေါ် သိင်္ဂီစိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။

သတင်း

"သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ"ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်​ဆွေတစ်ဦးကလည်း​ပြောသည်။