Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ဒဂုံပန်းခြံအနီးမှာ စစ်ကောင်စီကင်းလှည့်ကားတိုက်ခိုက်ခံရ

မနက် ၇ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ၊ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ ရှိတဲ့ ယောက်ကော်မှတ်တိုင်အနီးမှာ စစ်ကောင်စီကင်းလှည့်ကား တိုက်ခိုက်ခံလိုက်ရတာပါ။

ဓာတ်ပုံ − KIC
ဓာတ်ပုံ − KIC

ဒီနေ့မနက်ပိုင်းက ရန်ကုန်၊ တောင်ဒဂုံ ပန်းခြံ အနီးမှာ စစ်ကောင်စီကင်းလှည့်ကား ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။

မနက် ၇ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ၊ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ ရှိတဲ့ ယောက်ကော်မှတ်တိုင်အနီးမှာ စစ်ကောင်စီကင်းလှည့်ကား တိုက်ခိုက်ခံလိုက်ရတာပါ။

အဲဒီတိုက်ခိုက်မှုကို Giant Guard Underground က လုပ်ဆောင်တာလို့ထုတ်ပြန်ပါတယ်။

ကင်းလာချတဲ့ စစ်ကောင်စီတပ်သားတွေ ကားပေါ်က ဆင်းချိန် အဝေးထိန်းဗုံး နဲ့ တိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

တောင်ဒဂုံမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက စစ်ကောင်စီ ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ၊ သတင်းပေးတွေ တိုက်ခိုက်ခံခဲ့ရတာရှိပါတယ်။

ဒါကြောင့် မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ရပ်ကွက်တွေထဲ ဆိုင်ကယ်နဲ့ အုပ်စုဖွဲ့ပြီး ကင်းလှည့်တာတွေကို ခပ်စိတ်စိတ် လုပ်လာတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ယုဇနဥယျာဉ်မြို့တော် မှာရှိတဲ့ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးရဲ့ အဖျော်ယမကာဆိုင် ကိုတောင်ဒဂုံမြို့နယ် ပြောက်ကျားတပ်ဖွဲ့ ဗုံးနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှု အပြီး ရက်ပိုင်းအတွင်းမှာတင် တောင်ဒဂုံမြို့နယ်ပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းခံလိုက်ရလို့ မြေအောက်လုပ်ငန်းတွေကို ခေတ္တရပ်နားထားမယ်လို့ အဲဒီအဖွဲ့က အသိပေးထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြရာ ယခုနှစ် နှစ်လယ်ပိုင်းအထိ CDM ရဲဝန်ထမ်း ၃,၀၀၀နီးပါးရှိကြောင်း NUGက အသိပေးထားသည်။

သတင်း

၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၈ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို အဓိကပစ်မှတ်ထားပစ်ခတ်မှု စတင်ခဲ့သည်ဟု ဆိုသည်။

သတင်း

သီးချောင်းကျေးရွာနေ ပြည်သူများမှာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျောက်ဆုံးသူများလည်း ရှိနေကြောင်း၊ ရွာပြန်မကပ်နိုင်သေး၍ မီးလောင်အိမ်ခြေအတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။