Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဖမ်းဆီးထားသည့် ဟုမ္မလင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်မိသားစုလိုက် သတင်းအစအန ပျောက်နေ

၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။

(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီဖမ်းဆီးသွားသည့် ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုသည် (၁၀)ရက်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေသည်။

ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် ဇနီး၊ အသက် (၅)နှစ်မှ (၁၃)နှစ်ကြား သားသမီးသုံး စုစုပေါင်း ငါးဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၅ရက် ညတွင် မုံရွာမြို့၌ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဦးကျော်ဆွေဝင်းနှင့်မိသားစုကို ယနေ့( အောက်တိုဘာ ၁၄ရက်) အထိ အဆက်အသွယ်မရသေးကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောသည်။

“စိုးရိမ်စရာအခြေအနေကို ရောက်နေတယ်။ ကလေး‌တွေလည်း ပြန်မလွှတ်ဘူး။ အမျိုးသမီးလည်း ပြန်မလွှတ်ဘူး။ သူတို့(စစ်ကောင်စီ) လက်ထဲမှာ သတင်း အစအနပျောက်နေတယ်”ဟု ဦးကျော်ဆွေဝင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ဦးကျော်ဝင်းဆွေသည် အသက် (၃၅)နှစ်ခန့်ရှိပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦး ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။

စစ်ကောင်စီက ပုဒ်မ – ၅၀၅ ဖြင့် ဝရမ်းထုတ်ထား ၍ တိမ်းရှောင်နေစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ သို့သော် ဦးကျော်ဝင်းဆွေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပေ။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ အောက်တိုဘာ ၁၃ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၁၂,၆၄၃ဦးအနက် ၁၅,၄၆ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့(အောက်တိုဘာ ၁၃ရက်) ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ချောင်းဦးနယ်ကို အရှိန်မြှင့်စစ်ကြောင်းထိုးလာနိုင်၍ ဒေသခံများ အထူးဂရုစိုက်နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

သတင်း

အောက်တိုဘာ ၁၅ရက် နံနက် ၇နာရီခန့်တွင် KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြရာ ယခုနှစ် နှစ်လယ်ပိုင်းအထိ CDM ရဲဝန်ထမ်း ၃,၀၀၀နီးပါးရှိကြောင်း NUGက အသိပေးထားသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၈ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို အဓိကပစ်မှတ်ထားပစ်ခတ်မှု စတင်ခဲ့သည်ဟု ဆိုသည်။