Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော

ညွှန်းကိန်းများအရ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သေဆုံးသူ အနည်းဆုံး (၂၇၃) ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း ဆက်ပြောသည်။

စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော
စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော

စစ်တပ်အာဏာသိမ်းချိန်မှ ယနေ့အထိ အပြစ်မဲ့ပြည်သူများ ရက်စက်စွာသတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ဥပဒေမဲ့တရား စီရင်ခံရခြင်း မခံရသည့်နေ့ တစ်ရက်မျှမရှိကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်တပ်သည် မြန်မာပြည်သူများအပေါ်တွင် လူသားမဆန်၍ အလွန်ရက်စက် ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုများကို ကျယ်ပြန့်စွာနှင့် စနစ်တကျဆောင်ရွက်နေပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်၍ နှိမ့်ချသောဆက်ဆံခြင်းတို့ သည် အပြစ်မဲ့ပြည်သူများမှ ၎င်းတို့အား မဆန့်ကျင်နိုင်စေရန်အတွက် စစ်တပ်က ရက်စက်စွာအသုံးပြုနေသည့် နည်းဗျူဟာများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်းလည်း ညီလာခံသို့ အစီရင်ခံသည်။

စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသည့် ပြည်သူ (၁၂,၀၀၀) ကျော်၏ ကံကြမ္မာအတွက် မိမိတို့အနေဖြင့် အထူးစိုးရိမ်ကြောင်း၊ ခေတ္တလူ့အခွင့်အရေး မဟာမင်းကြီးအနေဖြင့်လည်း မြန်မာနိုင်ငံတွင် စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သတ်ဖြတ်ခြင်းခံရသည့် လူသေနှုန်းမှာ မှန်မှန်မြင့်တက်နေသည်ဟု စက်တင်ဘာ ၂၆ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ တင်ပြခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

ညွှန်းကိန်းများအရ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သေဆုံးသူ အနည်းဆုံး (၂၇၃) ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း ဆက်ပြောသည်။

ထို့အတွက် ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် စစ်တပ်၏ ရက်စက်သောလုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် မည်သို့သော နည်းလမ်းများနှင့် အစီအစဉ်များကို မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းအတွက် အကြံပြုနိုင်မည်နည်းကို သံအမတ်ကြီးက မေးမြန်းခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလညီလာခံသို့ ပြောသည်။

သတင်း

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားသည်။

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘီလားရုစ် တပ်တွေဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဟန်ပြင်နေတယ်လို့ ယူဆကြောင်း ပြောကြားထားပြီး အဲဒီတပ်တွေရဲ့ လှုပ်ရှားမှုကို ကူညီ စောင့်ကြည့်ပေးဖို့ G7 အဖွဲ့ဆီ တိုက်တွန်း တောင်းဆိုထားကြောင်း သိရပါတယ်။

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခင်က နှစ်ကြိမ်နှစ်ခါ ဆောင်ရွက်ခဲ့သော အစဉ်အလာရှိခဲ့သည့်အတိုင်း မြန်မာစစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ရရှိထားသော သက်သေအထောက်အထားများကို အသုံးပြု၍ အရေးယူပေးနိုင်ရေးအတွက် ICC သို့ အဆိုပြုရမည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။