Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်္ဂလာဒုံ​လေတပ်ပြုပြင်​ရေးစခန်းအားရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု​သေဆုံးထိခိုက်မှုများရှိ

လေတပ်စခန်းဝန်းအတွင်းပေါက်ကွဲမှုဖြစ်စဥ်ကိုစစ်ကောင်စီတပ်က သတင်းဖုံးအုပ်ထားပြီး အသံမိုင်းပေါက်ကွဲ ခြင်းဟုသာစစ်ကောင်စီဝါဒဖြန့်သူများကဖြန့်ဝေလျှက်ရှိသည်။

(​မင်္ဂလာဒုံလေတပ်စခန်းကိုGoogle Map မှ​တွေ့ရပုံ)
(​မင်္ဂလာဒုံလေတပ်စခန်းကိုGoogle Map မှ​တွေ့ရပုံ)

စစ်​ကောင်စီတပ်၏ ​မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်း ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခံရသည့်ဖြစ်စဥ်တွင် စစ်ကောင်စီ တပ်မှ သေဆုံးဒဏ်ရာရရှိသူများရှိကြောင်း ခိုင် မာသည့် သတင်းရင်းမြစ်များက လူထုနွေဦး သို့ အတည်ပြုသည်။

ယမန်နေ့(အောက်တိုဘာ ၁၄ ရက်) ည ၈ နာရီဝန်းကျင်က မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခံရခြင်းဟုသိရသည်။

“နှစ်လုံးကလေတပ်စခန်းထဲကျပြီးပေါက်တာ။ကျန်တဲ့တစ်လုံးက မအောင်မြင်လိုက်ဘူး”ဟု ရန်ကုန်အခြေစိုက် မြို့ပြတော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လေတပ်စခန်းဝန်းအတွင်းပေါက်ကွဲမှုဖြစ်စဥ်ကိုစစ်ကောင်စီတပ်က သတင်းဖုံးအုပ်ထားပြီး အသံမိုင်းပေါက်ကွဲ ခြင်းဟုသာစစ်ကောင်စီဝါဒဖြန့်သူများကဖြန့်ဝေလျှက်ရှိသည်။

“အင်းစိန်က နေတောင် ကြားရတာ။ပထမတော့ အင်းစိန်ထဲမှာပဲ မိုင်းကွဲတယ်ထင်တာ။သတင်း တွေ ကြည့်တော့ မှ မဂ်လာဒုံဆိုတာ သိရတယ်။ခန့်မှန်ခြေမနေ့ကည၈နာရီ လောက်မှာ တစ်မိနစ်လောက်ပဲ ခြားတယ် နှစ်ကြိမ် အုန်း ဆိုတာ ကြီးက တော်တော်ကျယ်တယ်”ဟု အင်းစိန်မြို့ခံတစ်ဦးကလည်း​ပြောသည်။

ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးအဆိုအရ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်အထိရှိနိုင်ကြောင်းလည်း သိရသည်။​သေဆုံးထိခိုက်မှုအ​ခြေအ​နေကိုPeople’s Spring ကသီးခြားအတည်မပြူနိုင်​သေးပါ။

​ခေတ်သစ်သတင်းဌာနက ​​လေတပ်စခန်းကို​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရပြီး​နောက် ​ထိခိုက်သူများ၍ လူနာတင်ယာဥ် ၃ စီးအ​ရေး​ပေါ်သွား​ရောက်ရ​ကြောင်း​ဖော်ပြထားသည်။

ထို့အပြင် လေတပ်စခန်းအတွင်း ပေါက်ကွဲမှုကြောင့်စစ်ကောင်စီအင်ဂျင်နီယာတပ်မှအ​ရေး​ပေါ်သွား​ရောက်ပြုပြင်ရမှုများလည်းရှိပြီး တပ်အတွင်းအလုပ်ရှုပ်​နေကြကြောင်း အထက်ပါ သတင်းရင်းမြစ်က​ပြောသည်။

​လေတပ်စခန်းကို​ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကိုမည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကိုမူယခုအချိန်အထိထုတ်ပြန်ခြင်းမရှိ​သေး​ပေ။

အလားတူ အထက်ပါ လေတပ်စခန်းဝင်းတိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ယင်းလေတပ်အဝင်ဂိတ်အား နှစ်ကြိမ်ထက်မနည်း အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ဖူးသည့်တော်လှန်ရေးအဖွဲ့တစ်ခုကလည်း တိုက်ခိုက်မှုဖြစ်ပွားသည်မှာမှန်ကန်ပြီး ၎င်းတို့သိသည့် အဖွဲ့တစ်ခုက တာဝန်ယူတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

ရန်ကုန်မြို့တွင်ယခုရက်ပိုင်းအတွင် စစ်​ကောင်စီတပ်ပစ်မှတ်များကိုတိုက်ခိုက်မှုများ ပိုများလာသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကြည့်မြင်တိုင်မြို့ နယ်တရားရုံးအနီး ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ကမ်းနားလမ်းတစ်လျောက် စစ်ဆေးမှုများ ရှိခဲ့သည်။

▪︎အမှားပြင်ဆင်ချက်- ကနဦးသတင်း​ဖော်ပြချက်တွင် ​မှော်ဘီ​လေတပ်စခန်းဟုမှားယွင်း​ဖော်ပြမိခဲ့ပါသည်။ မင်္ဂလာဒုံ​လေတပ်ပြုပြင်​ရေးစခန်းဟုပြင်ဆင်သိမှတ်​ပေးပါရန်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်သည်မြေပြင်တိုက်ပွဲများတွင်အထိ့နာပါက တိုက်​လေယာဥ်များ၊ရဟတ်ယာဥ်များဖြင့် ပြည်သူများကိုပါမ​ရှောင် ဗုံးကျဲခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများကို နိုင်ငံတစ်ဝန်းပြုလုပ်​နေသည်။

သတင်း

စစ်အာဏာရှင် ဆန့်ကျင်မှုအားကောင်းသည့် မုံရွာမြို့တွင် စစ်ကောင်စီတပ်က နေ့စဥ် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပြီး ခြိမ်းခြောက်ငွှေညှစ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

သတင်း

အောက်တိုဘာ ၁၅ရက် နံနက် ၇နာရီခန့်တွင် KIA တပ်မဟာ(၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ချိန်ကင်မွန်းချောင်း ရဲစခန်းကုန်းမှလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ပြီးကင်မွန်းချောင်းကျေးရွာကျောင်းစုပိုင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အသိပေးသည်။