Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း စစ်ကောင်စီကို တိုက်တွန်းခဲ့ဟု မွန်တပ် NMSP ဆို

NMSP အဖွဲ့သည် အောက်တိုဘာ ၁၁ရက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း စစ်ကောင်စီကို တိုက်တွန်းခဲ့ဟု မွန်တပ် NMSP ဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း စစ်ကောင်စီကို တိုက်တွန်းခဲ့ဟု မွန်တပ် NMSP ဆို

▪︎ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မည်ဟု စိတ်ပိုင်းဖြတ်ထားကြောင်း NUG ပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်များအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန်လိုအပ်ကြောင်း စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်ဟု မွန်လက်နက်ကိုင်တပ် မွန်ပြည်သစ်ပါတီ(NMSP)က ထုတ်ပြန်သည်။

NMSP အဖွဲ့သည် အောက်တိုဘာ ၁၁ရက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်း၊ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး၊ ပြည်သူလူထု အသက်အိုး အိမ်စည်းစိမ်များ ဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ထိုသို့ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)က ထုတ်ပြန်ထားမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ သတင်းပြန်ကြားရေးအဖွဲ့မှ ဦးနေဘုန်းလတ်က”စကစကလည်း လမ်းဆုံးကိုရွေးထားပြီးသားမို့ လိုက်လျောမယ် မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူနဲ့အတူ၊ ပြည်သူ့ဆန္ဒအတိုင်းပဲလို့ ပြောခဲ့ဖူးပါတယ်။ ပြည်သူလူထုကလည်း ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ထိုသို့တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခြင်းသည် အဖြေရှာရန် နည်းလမ်းတစ်ခု အပြုသဘောဆောင်သည့် တိုက်တွန်းချက်ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူများလိုလားသည့်အဖြေ ဒီမိုကရေစီ စံနှုန်းနှင့် ပြည့်စုံသည့် အဖြေရရန်မဖြစ်နိုင်ဟု မှတ်ချက်ပြုသည်။

“မွန်ပြည်သစ်ပါတီလောက် မပြောနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ UN အပါအဝင်ပေါ့။ အာဆီယံတွေ အကုန်လုံး တိုက်တွန်းနေတာတောင် သူတို့မလုပ်ပေးတဲ့ကိစ္စ မွန်ပြည်သစ်ပါတီက တောင်းဆိုရုံလောက်နဲ့ စစ်ကောင်စီဘက်က သူတို့တောင်းဆိုမှုကို အလေးထားမှုမရှိလောက်ဘူး။ တောင်းဆိုတာ ကောင်းပါတယ်။ ငြိမ်းချမ်းရေးလမ်းစ တစ်ခုခုတော့ အကောင်အထည်ဖော်နိုင်မှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ PDF တွေရဲ့ လှုပ်ရှားမှုက တစ်ဆက် တည်းဖြစ်နေတာ။ အဲဒီ PDF တွေကလည်း ဒေါ်အောင်ဆန်းစုကြည် အာဏာသိမ်းခံရတဲ့ အချိန်စပြီး သူတို့ဘက်ကလှုပ်ရှားမှုတွေ ပြုတာကိုး။”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီအဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်မတရား စွပ်စွဲအမှုများဆင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ခရီးသွားပြည်သူများအား အကြမ်းဖက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇရပ်ထဲပြန်ဝင်ချိန် အသင့်စောင့်ဆိုင်းနေသော ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယနေ့ အောက်တိုဘာလ(၁၅)ရက်တွင်ကျရောက်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့်နေ့တွင် စစ်ခေါင်းဆောင်က တိုင်းရင်းသားအရေးအတွက်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင့်သင့်တာပြင်ဆင်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ယနေ့(အောက်တိုဘာ ၁၅ ရက်)နံနက်ပိုင်းတွင် ပိတောက်ခြုံရွာမှ ထွက်ခွာသွားပြီး ရေချိုအိုင်၊ မင်းကုန်းရွာများဘက်ရောက် ရှိနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ချောင်းဦးနယ်ကို အရှိန်မြှင့်စစ်ကြောင်းထိုးလာနိုင်၍ ဒေသခံများ အထူးဂရုစိုက်နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။