Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲသတင်းများ အလျင်စလို အွန်လိုင်းပေါ်မတင်ရန် ချင်းတပ် CNA တပ်မှူး တိုက်တွန်း

ယခုရက်ပိုင်းအတွင်း၌ ဟားခါးနှင့် ထန်တလန်ကြား၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် CNA ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်မတော်(CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်၊ဓာတ်ပုံ - The Chin Journal
ချင်းအမျိုးသားတပ်မတော်(CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်၊ဓာတ်ပုံ - The Chin Journal

မြေပြင်၌ တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏လုံခြုံရေးအတွက် တိုက်ပွဲသတင်းများအား အလျင်စလို အွန်လိုင်းပေါ်မတင်ကြရန် ချင်းအမျိုးသားတပ်မတော် (CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောကြားသည်။

အောက်တိုဘာ ၁၄ရက်က ပြုလုပ်သည့် အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲ တစ်ရပ်တွင် ဗိုလ်မှူးကြီး ဆော်လမွန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု The Chin Journalက ဖော်ပြထားသည်။

“ စစ်ပွဲဆိုတာ မဟာဗျူဟာ ကျကျနဲ့ဆင်နွှဲတာဖြစ်တဲ့အတွက် အွန်လိုင်း မီဒီယာမှာအလျင်စလို တင်တဲ့ဟာတွေကို ရန်သူက ပြန်ပြီးအသုံးပြုတာတွေရှိတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ် အဲလို သတင်းတင်တဲ့ သူတွေဖက်က ပြည်သူတွေကို အကျိုးပြုတယ်လို့ မိမိကိုယ်ကိုယ် ခံယူနိုင်ပေမယ့် မြေပြင်ကရဲဘော်တွေအတွက် အသက်ဆုံးရငံးတာတွေဖြစ်နိုင်တယ်”ဟု ဗိုလ်မှူးကြီး ဆော်လမွန်က ပြောကြားကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

CNA တပ်မှ တရားဝင်သတင်းထုတ်ပြန်မှုကို စောင့်ဆိုင်းရန်နှင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ များ၏ တရားဝင် ပြောဆိုမှုများကိုစောင့်ပေးရန် ဗိုလ်မှူးကြီး ဆော်လမွန်က ပြောကြားခဲ့သည်ဟုဆိုသည်။

ယခုရက်ပိုင်းအတွင်း၌ ဟားခါးနှင့် ထန်တလန်ကြား၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် CNA ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး(CNF)၏ တပ်ဖွဲ့ဖြစ်သည့် CNA အနေဖြင့် ချင်းပြည်နယ်အတွင်းနှင့် ဆက်စပ်ဒေသများ၌ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)နှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(အောက်တိုဘာ ၁၄ ရက်) နံနက် ၈ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို အဓိကပစ်မှတ်ထားပစ်ခတ်မှု စတင်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၄ရက်) ကျရောက်သည့် DPNS ပါတီ (၃၄)နှစ်မြောက် ပါတီထူထောင်ခြင်း အထိမ်းအမှတ်သို့ KNUက သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

ကျဆုံးသွားသည့် ရဲဘော်များအနက် အမျိုးသမီး PDF ရဲဘော် မသက်သက်ဝင်းပါဝင်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၁၃ရက်) နံနက်တွင် နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာ နှင့် ကြက်မနက် ရွာကြား၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။