▪︎ပိုမိုထုတ်လုပ်နိုင်ရန် ပြည်သူများအကူအညီပေးရန်မေတ္တာရပ်ခံ
စစ်ကောင်စီတပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)အတွက်ကုန်ကြမ်းသယ်လာသောကားများကိုတိုက်ခိုက်သိမ်းဆည်းရရှိထားသည့် ကုန်ကြမ်းပစ္စည်းများဖြင့် မိုင်းနှင့် တာဝေးပစ်လက်နက်ကြီးများကိုထုတ်လုပ်နေကြောင်းThe Youth Force (ဆော နှင့်ကျောက်ထု)အဖွဲ့မှတာဝန်ရှိသူကပြောသည်။
“လက်နက်ကြီးတွေက စမ်းသပ်ထုတ်လုပ်ဆဲပါဗျ၊ မိုင်းကိုပဲ အဓိက ထုတ်လုပ်အသုံးပြုတာပါ”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။
မိုင်းအလုံး ၂၀၀ ထုတ်လုပ်ပြီးဖြစ်ပြီး လက်နက်ကြီးကိုစမ်းသပ်ထုတ်လုပ်ဆဲဖြစ်ကာ ဆက်လက်ထုတ်လုပ်ရန်အတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိူင်ရန် ငွေကြေးလိုအပ်နေခြင်းကြောင့် ပြည်သူများထံ အကူအညီတောင်းခံကြောင်းလည်းအဆိုပါတာဝန်ရှိသူကပြောသည်။
မဟာမိတ်တပ်ဖွဲ့များနှင့် ၎င်းတို့အဖွဲ့သည် မိုင်းများနှင့် လက်နက်ကြီးထုတ်လုပ်ရာတွင် ကပစ ကားများသိမ်းဆည်းရခဲ့စဉ်က ရရှိထားသည့် ကုန်ကြမ်းပစ္စည်းများကို အဓိက အသုံးပြုခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
The Youth Force- Saw & Kyaukhtu အဖွဲ့သည် NUG ကာကွယ်ရေးဝန်ကြီးလက်အောက်ခံ တပ်ဖွဲ့တစ်ခုအဖြစ် လျောက်ထားဆဲဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
သရက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် – ၁၂ မှ လာသည့် ယာဉ်တန်းကို ၂၀၂၂ ဧပြီ၆ ရက် ညနေ ၅ နာရီခန့်က ပေါက်မြို့နယ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ ရှားပင်ရေကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုနောက်ဗိုလ်ကြီးအပါအဝင် ၇ ဦးကို သေနတ ၇ လက်နဲ့အတူ ကားပေါ်က လက်နက်ကြီးထုတ်လုပ်မယ့် ကုန်ကြမ်းပစ္စည်းတွေကိုပါ PDFတွေကဖမ်းဆီးသိမ်းယူခဲ့သည်။ပေါက်မြို့နယ် ကပစ-၂၄ သို့ သွားမည့် ယာဉ်များပေါ်တွင် ၆၀ မမ၊ ၈၁ မမ မော်တာဗုံးသီးကုန်ကြမ်းများလည်းသိရသည်။