Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်္ဂပူအထက်တန်းကျောင်း မီးလောင်

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ အင်္ဂပူမြို့အထက်တန်း ကျောင်းသည် ၁၉၇၀ ကတည်ဆောက်ခဲ့သော သက်တမ်းရင့်ကျောင်းတစ်ကျောင်းဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ဧရာဝတီတိုင်း အင်္ဂပူမြို့၏ အကြီးဆုံးစာသင်ကျောင်းဖြစ်သော အင်္ဂပူအထက်တန်းကျောင်းသည် ယနေ့နံနက် အစောပိုင်းတွင် မီးလောင်ပျက်စီးသွားခဲ့သည်။

၅တန်းမှ ၁၀တန်းအထိစာသင်ခန်းအများအပြားရှိသော အင်္ဂပူအထက်တန်းကျောင်းသည် ယနေ့(အောက်တိုဘာလ၁၆ရက်)နံနက် ၂နာရီခန့်မှ စတင်ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

“ဘာကြောင့်လောင်တာလဲတော့မသိဘူး။ တစ်ကျောင်းလုံးနီးပါးလောင်တာ။ ၁၀တန်း Aခန်းနဲ့ Bခန်းရယ် ငုရွှေဝါခန်းမရယ်ကလွဲရင်အကုန်းလောင်တာ”ဟု ကျောင်းသားဟောင်းတစ်ဦးကပြောသည်။

အနီးပတ်ဝန်းကျင်မြို့များဖြစ်သည့် ဟင်္သာတ၊ထူးကြီး၊မဲဇလီကုန်း၊မြန်အောင်နှင့် ကွင်းကောက်မြို့များမှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းအားကောင်း၍ ပျက်စီးမှုများခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ အင်္ဂပူမြို့အထက်တန်း ကျောင်းသည် ၁၉၇၀ ကတည်ဆောက်ခဲ့သော သက်တမ်းရင့်ကျောင်းတစ်ကျောင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“မီးလောင်ပြီး သေနတ်ပစ်သံတွေကြားတယ်။ လက်နက်ကြီးသံတွေရော ပါတယ်။ မြို့ထဲက လူတွေက ကြောက်လန့်နေကြတာပေါ့”ဟု အခြားတီးတိန်မြို့ခံတစ်ဦးက ပြောသည်။

ဗီဒီယို

ဩဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်တွေက အင်အား ၈၀ လောက်နဲ့ရွာထဲဝင်လာတာဖြစ်ပြီးတော့ ၁၆ ရက် မနက်မှာမှ ရွာကိုမီးရှို့သွားခဲ့တာပါ။

နိုင်ငံတကာ

မီးသတ် တပ်ဖွဲ့ဝင်တွေဟာ အကြောင်းကြားမှု ရပြီးပြီးချင်း အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး ရောက်ရှိခဲ့ပေမယ့် မီးက အရမ်းအားကောင်းနေတာကြောင့် လူတွေကို ကယ်ဆယ်ဖို့ အခက်တွေ့ခဲ့ကြပါတယ်။ မီးစလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။

သတင်း

သစ်ကွင်းနှင့်မနီးအဝေးရှိ ညောင်ပင်ကြီးရဲစခန်နှင့် မုံရွာဘက်ကမ်းမှ သေနတ်များပစ်ဖောက်နေကြောင်း ​ဒေသခံများက ဆိုသည်။