Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁)အနီး ဗုံးပေါက်ကွဲမှုကြောင့် ကားလေးစီးပျက်စီး

ဗုံးပေါက်ကွဲသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြဲတစေရှိနေတတ်သည့်နေရာ ဖြစ်သည်။

ဓာတ်ပုံ - YPA
ဓာတ်ပုံ - YPA

ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁)အနီး မြဝတီမြို့ဘက်ခြမ်း၌ ယမန်နေ့ည ၇နာရီခန့်က ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦး အသေးစားဒဏ်ရာရခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးမျက်နှာစာများနှင့် ကားလေးစီးထက်မနည်း ဆိုးဆိုးရွားရွားပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြဲတစေရှိနေတတ်သည့်နေရာ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၃ရက်ကလည်း ထိုင်း – မြန်မာချစ်ကြည်ရေးတံတားအနီး၌ပင် ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်။

“ပြီးခဲ့တဲ့ အခေါက်ကလည်း ဘယ်သူမှ လက်သည်မပေါ်ဘူး”ဟု နယ်စပ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလညီလာခံသို့ ပြောသည်။

သတင်း

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။

နိုင်ငံတကာ

တံတားပေါ်က ပေါက်ကွဲမှုဟာ ယူကရိန်းရဲ့လက်ချက် ဟုတ်မဟုတ် ဆိုတာကို လောလောဆယ် အတပ်မပြောနိုင်သေးပေမယ့် အဲဒီတံတားဟာ ယူကရိန်း စစ်တပ်ရဲ့ မဟာဗျူဟာ ပစ်မှတ်တစ်ခုအဖြစ် ကာလရှည်ကြာ သတ်မှတ် ခံထားရပါတယ်။

သတင်း

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ စာရင်းဟာ ထပ်တိုးနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၆ ဦးရှိလာပြီဖြစ်ကာ ကလေးငယ် ၂၄ ဦးပါဝင်တယ်လို့သိရပါတယ်။