Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်၌ အောက်တိုဘာဒုတိယပတ်အတွင်း တိုက်ပွဲများ ဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းအချို့ KNU သိမ်းဆည်းရရှိ

စစ်ကောင်စီတပ်ကလည်း ဒေသခံများ ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍အရပ်သား ပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

(KNU ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(KNU ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ၌ အောက်တိုဘာ ဒုတိယ ပတ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်းKNU သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၅)နယ်မြေ၌ အောက်တိုဘာ ၁၁ ရက်မှ ၁၃ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို ကရင်ဘာသာဖြင့် ထုတ်ပြန်ထားရာ KNU သတင်းရင်းမြစ်က ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

” ဒီအတောအတွင်း တိုက်ပွဲတွေလည်းဖြစ်တယ်။ ဖြစ်တော့ စစ်တပ်ဘက်က ၇ယောက်သေတာပေါ့။ ၂ယောက်ဒဏ်ရာရတာပေါ့။ တိုက်ပွဲတွေ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တာ။ ဒွယ်လိုမြို့နယ်မှာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ကလည်း ဒေသခံများ ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍အရပ်သား ပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၁၂ရက်တိုက်ပွဲတွင် ရန်သူ့ဘက် က လေးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာ ၁၁ရက်တိုက်ပွဲ၌ ရန်သူ့ဘက်က သုံးဦးသေဆုံးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

” အဲဒီမှာ ရန်သူ့ဆီက AK တစ်လက်ရယ်။ နောက် ပြီးတော့ စကားပြောစက်နှစ်လုံးရယ်ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် RPG ကျည် ၂လုံးနှင့် (၇၉) မမ ကျည် ၆ လုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့ ရရှိခဲ့သည်ဟု ဆိုသည်။

ဖာပွန်ခရိုင်တွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ကို တပ်မဟာ (၅)ရဲဘော်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ငါးလုံးတင်ကျေးရွာမှ ပြည်သူ လေးဦးသေဆုံးခဲ့ကြောင်းသိရှိရပြီး သေဆုံးမှုဖြစ်စဉ်ကို မသိရှိရသေးကြောင်း ဒေသခံမိုးသားရိပ်မီဒီယာက ဖော်ပြသည်။

သတင်း

အခုလ အောက်တိုဘာလဆန်းပိုင်းကတင် ကားခိုးမှု နဲ့အဖမ်းခံရလိုက်ပေမယ့် ပြန်လွတ်လာပြီး အုပ်ချုပ်ရေးမှူးဖြစ်လာတာလို့ သိရပါတယ်။

ဗီဒီယို

နောက်ပိုင်းမှာ သေနတ်သမား နှစ်ယောက်ကို ရုရှား လုံခြုံရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်ခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ နောက်ထပ် ဒဏ်ရာရသူ ၁၅ ဦးလည်း ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

ပြည်ကြီးတံခွန်သပိတ်အင်အားစု ဦးဆောင်ဆရာတော် နေထိုင်ရာ ကျောင်းတိုက်ကို စစ်ကောင်စီဟာ ယခင်ကလည်း နှစ်ကြိမ် တိုင်တိုင်လာရောက်ရှာဖွေခဲ့တာရှိပါတယ်။