Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG၏ ကသာမြို့နယ် တရားရုံးကို ယမန်နေ့က ဖွင့်လှစ်

လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသည့် နည်းတူ စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးနိုင်မှု အားနည်းလျက်ရှိသည်။

ဓာတ်ပုံ - ကသာ(ပကဖ)
ဓာတ်ပုံ - ကသာ(ပကဖ)

▪️စစ်ကိုင်းတိုင်း အခြားမြို့နယ်များတွင်လည်း NUG ၏ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရက ကသာမြို့နယ်တွင် မြို့နယ်တရားရုံးကို ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က စတင်ဖွင့်လှစ်လိုက်ကြောင်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မြို့နယ်တရားရုံးကို ရွှေ့လျားတရားရုံးပုံစံ ဖွင့်လှစ်ထားသည်ဟု ဆိုသည်။

ဓာတ်ပုံ - ကသာ(ပကဖ)
ဓာတ်ပုံ – ကသာ(ပကဖ)

“တရားစီရင်ရေးက သက်ဆိုင်ရာကျေးရွာအုပ် ချုပ်ရေးအဖွဲ့တွေက သူတို့ရှင်းလို့ မရလို့ တက်လာတဲ့ဟာမျိုးတွေမှ မြို့နယ်တရားရုံးက ဆောင်ရွက်တာ။ နံပါတ်တစ်ကတော့ ရပ်/ကျေး အုပ်ချုပ်ရေးတွေကို စီရင်စေတာ။ သူတို့ မပြေလည်ဘူးဆိုမှ တရားရုံးမှာဆက်လုပ်တာ”ဟု ထီးချိုင့်မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားစီရင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တရားရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားလုံးစည်းလုံးစွာ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသည့် နည်းတူ စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးနိုင်မှု အားနည်းလျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားမဟာမိတ်များ၏ စိုးမိုးနယ်မြေမှာ တစ်နိုင်ငံလုံး ဧရိယာ၏ ၅၀ရာခိုင်နှုန်းကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲ၌ အသိပေးထားသည်။

အဆိုပါ စိုးမိုးနယ်မြေများ၌ ကြားကာလဒေသန္တရ အုပ်ချုပ်ရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိရာ ယာယီအချုပ်ခန်း ၂၀ကျော် တည်ဆောက်ထားပြီး အမှုအခင်း ၁၁၆ခုကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း NUGက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“မြေကွက်ရောင်းတဲ့နေရာမှာ ဈေးနည်းတာတွေက အပြိုင်ဝယ်ကြတယ်။အလုအယက်ဝယ်ကြတာ။ ဈေးကြီးတာတွေဘဲကျန်တော့တာ”ဟု မြေကွက်ရောင်းချသည့် အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

သတင်း

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော အုပ်ချုပ်ရေး၊ စီပွားရေး၊ လူမူရေးပစ်မှတ်များအား ထိရောက်ပြင်းထန်စွာတိုက်ခိုက်သွားမည် ဖြစ်ကြောင်း Dark shadow (UG)က ဆိုသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိကြားကာလအမွေအနှစ်စာရင်းများတွင် ဟန်လင်းပျူမြို့ဟောင်း၊ ကလေးမြို့ဟောင်း ၊ အမြင့်မြို့ဟောင်း၊ အနိမ့်မြို့ဟောင်း၊ စစ်ကိုင်းမြို့ဟောင်း။ ရွှေဘိုမြို့ဟောင်းနှင့် နန်းတော် စသည့်တို့ပါဝင်သည်။

သတင်း

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို "CDMများရဲ့ စေတနာအားနဲ့အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ”ဟု အမည်ပေးထားပြီး ယနေ့ အောက်တိုဘာ ၁၃ရက် ညနေ ၇နာရီတွင် စတင်မည် ဖြစ်သည်။