Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ နယ်စပ်တလျောက် ရဲကင်း ၃၀ ကျော် အိန္ဒိယတည်ဆောက်

မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။

မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ နယ်စပ်တလျောက် ရဲကင်း ၃၀ ကျော် အိန္ဒိယတည်ဆောက်
မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ နယ်စပ်တလျောက် ရဲကင်း ၃၀ ကျော် အိန္ဒိယတည်ဆောက်

တရားမဝင် နယ်စပ်ဖြတ်ကျော်တာနဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေကိုတားဆီးဖို့ မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်ထဲမှာ နယ်စပ်တလျောက် ရဲကင်းစခန်း ၃၄ ခုကို တည်ဆောက်နေတယ်လို့ အိန္ဒိယ အစိုးရက အသိပေးပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ မိုင် ၂၅၀ ခန့် နယ်စပ်တလျောက်မှာ ရဲကင်းစခန်းတွေကို တည်ဆောက်နေတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မဏိပူရပြည်နယ် မြို့တော် အင်ဖာမှာ ပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေမတည်မငြိမ်မှုတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်းက ဒေသခံတွေဟာ အိန္ဒိယဘက်ကို ဖြတ်ကျော်ခိုလှုံခဲ့ရပါတယ်။

မဏိပူရ ပြည်နယ်မှာ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တလျောက် ၃ မိုင်ခန့်သာ နယ်စပ်ခြံစည်းရိုး ကာရံထားနိုင်တယ်လို့သိရပါတယ်။

ဒါကြောင့် မြန်မာဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေများပြားလာမှာကို စိုးရိမ်နေကြတယ်လို့ အိန္ဒိယသတင်းဌာနတွေကဖော်ပြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

သတင်း

ဗုံးပေါက်ကွဲသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြဲတစေရှိနေတတ်သည့်နေရာ ဖြစ်သည်။

သတင်း

မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း သံအမတ်ကြီးက ယမန်နေ့တွင် ကျင်းပသော ကုလညီလာခံသို့ ပြောသည်။

သတင်း

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။