Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်တွင် PDFကင်းစခန်းတစ်ခု စီးနင်းခံရ၍ မြို့ပေါ်စစ်ကောင်စီစခန်းကို ပြန်တိုက်

ဘုတလင်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ.၁၃ ရက်ကလည်း PDFစခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ် ဦး ကျဆုံးခဲ့သေးသည်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး BDL-PDF တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ- Bdl-PDF
ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး BDL-PDF တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်၊ဓာတ်ပုံ- Bdl-PDF

▪️ဖြစ်စဥ်နှစ်ခုတွင် PDF ရဲဘော်သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် ယမန်နေ့က PDF ကင်းစခန်းတစ်ခု စီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်အခြေချရာ မြို့ပေါ်စခန်းတစ်ခုကို တန်​​ပြန်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myanmar Defense Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ရက်) နံနက် ၄နာရီ ၄၅ မိနစ်ခန့်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် MDF -ဘုတလင်တပ်ခွဲ၏ ကင်းတဲတစ်ခုအား အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် MDF-Special Force အဖွဲ့ဝင် ရဲဘော် ကိုဝေယံဦးနှင့် MDF-ဘုတလင် ရဲဘော် ကိုဖြိုးကိုကိုအောင်တို့ နှစ်ဦးမှာ ကျန်ရဲဘော်များ ဆုတ်ခွာနိုင်ရန် အသက်အသေခံ၍ ကာ ပစ်ပေးရင်း ကျဆုံးခဲ့ရကြောင်း Myanmar Defense Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနက်ပိုင်းက သူတို့ဝင်ပစ်တဲ့အချိန်မှာပဲ ကျန်တဲ့ရဲဘော်တွေက ခံပစ်ပေးတယ်။ ရွာထဲမှာရှိတဲ့ပြည်သူတွေ ပြန်ဆုတ်ချိန်ရောက်အောင် ခံပစ်ပေးတဲ့အချိန်မှာပဲ ရဲဘော် သုံးယောက် ဒဏ်ရာရတယ်။ နှစ်ယောက် ကျတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ညကလည်း မြို့ထဲ ဘုတလင်စခန်းကို ဝင်ပစ်သေးတယ်။ ဝင်ပစ်တဲ့အချိန်မှာပဲ Local PDFဘက်က ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ကျသွားတယ်။ ​ွေးတွေဘက်က အကျအဆုံး အတိအကျမသိရသေးပေမယ့် အကျအဆုံးရှိတယ်လို့ သိရပါတယ်။”ဟု ပြောကြားသည်။

ဘုတလင်စခန်းကို မြို့နယ် (ပကဖ)၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ကနီအဖွဲ့၊ MDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MDF အဖွဲ့က ပြောသည်။

ဘုတလင်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ.၁၃ ရက်ကလည်း PDFစခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ် ဦး ကျဆုံးခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ညနေပိုင်းတွင်လည်း ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့် တဲတစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း

“မနက်ပိုင်းတစ်ကြိမ်လူလာချပြီးပြန်သွားတယ်။ ဒုတိယအကြိမ်ထပ်လာတဲ့အချိန်မှာ အသင့်စောင့်ပြီးပစ်လိုက်တာပါ” ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

တောပုကျေးရွာသ​ည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။

သတင်း

"ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်"ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။