Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

“ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်”ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ၊ (၈)မိုင်နှင့် ဥယျာဥ်ကြီးရွာကြားရှိတံတားပေါ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team – DDT တပ်ဖွဲ့က ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၅ ရက်)နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီ ခြေကျင် စစ်ကြောင်းကို DDT(ထားဝယ်- ပကဖ)ရဲဘော် များ ကြားဖြတ်မိုင်းဆွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းအား DDTတပ် တိုက်ခိုက်

တိုက်ခိုက်မှုတွင် မိုင်းလုံးပေါက်ကွဲပြီး တစ်လုံးချို့ယွင်းမှုဖြစ်ခဲ့၍ ၁၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီးနောက် လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်သဖြင့် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ပြန်ဆုတ်လာခဲ့ရကြောင်း DDT တပ်ဖွဲ့က ပြောသည်။

“ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်”ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဥယျာဥ်ကြီးကျေးရွာမှ ဒေသခံပြည်သူသုံးဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန်တွင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါရဲဘော်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဥယျာဥ်ကြီးကျေးရွာမှတဆင့် အညာဖျားရွာသို့ဝင်ရောက်ရာတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် မပေါက်ကွဲသေးသည့် လက်နက်ကြီးအချို့ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ညနေပိုင်းတွင်လည်း ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့် တဲတစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း

“မနက်ပိုင်းတစ်ကြိမ်လူလာချပြီးပြန်သွားတယ်။ ဒုတိယအကြိမ်ထပ်လာတဲ့အချိန်မှာ အသင့်စောင့်ပြီးပစ်လိုက်တာပါ” ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ဘုတလင်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ.၁၃ ရက်ကလည်း PDFစခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ် ဦး ကျဆုံးခဲ့သေးသည်။

သတင်း

ငါးလုံးတင်ကျေးရွာမှ ပြည်သူ လေးဦးသေဆုံးခဲ့ကြောင်းသိရှိရပြီး သေဆုံးမှုဖြစ်စဉ်ကို မသိရှိရသေးကြောင်း ဒေသခံမိုးသားရိပ်မီဒီယာက ဖော်ပြသည်။