Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDF ရဲဘော်နှစ်ဦး သတ်ဖြတ်မှုတွင်ပါဝင်သော ပျူနှစ် ဦး ဖမ်းဆီးစစ်ဆေးစဥ် သေဆုံး

တောပုကျေးရွာသ​ည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။

Update News
Update News

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် PDF ရဲဘော်နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်မှုတွင်ပါဝင်ခဲ့သူ ပျူစောထီးနှစ်ဦးအား အရှင်ဖမ်းဆီးမိပြီး စစ်ဆေးနေစဥ် သေဆုံးသွားကြောင်း မုံရွာ ခရိုင်တပ်ရင်း – ၂ Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၉ရက်က မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ (၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF၏ အသက် ၂၀နှစ်အရွယ် ရဲဘော် ကိုစည်သူမောင် (ခေါ်)သော်ကနှင့် အသက် ၁၈နှစ်အရွယ် ကိုသက်ဇော်ဦး (ခေါ်) ယက္ခတို့အား လုပ်ကြံသတ်ဖြတ်မှုတွင် အတိအကျ သတင်းပေးသော တောပုကျေးရွာပျူများ၏ ကင်းထောက်အဖွဲ့ဝင် ပျူနှစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကင်းထောက်အဖွဲ့ဝင် ပျူနှစ်ဦးအား အရှင်ဖမ်းမိပြီး စစ်ဆေးနေချိန်အတွင်း တစ်ယောက်မှာ ကွမ်းယာသီးပြီး လေပိတ်ကာ သေဆုံးသွားကြောင်း၊ နောက်တစ်ဦးမှာလည်း အကြောက်လွန်ပြီး နှလုံးရောဂါအခံကြောင့် အမောဖောက်သေဆုံးသွားခဲ့သည်ဟု Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တောပုကျေးရွာသ​ည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က နတ္တလင်းမြို့နယ်သို့ စစ်ကူလာသည့် အင်အား ၄၀ခန့်ပါစစ် ကြောင်းကို ဗမာဆင်စွဲရွာနှင့် ပျဥ်းမခေါင်းကျေးရွာကြားတွင် MRF - Nattlin က ပဒေသမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုရှိသည်ဟု ဆိုသည်။

နိုင်ငံတကာ

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

သတင်း

ဘုတလင်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ.၁၃ ရက်ကလည်း PDFစခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ် ဦး ကျဆုံးခဲ့သေးသည်။

ဗီဒီယို

နောက်ပိုင်းမှာ သေနတ်သမား နှစ်ယောက်ကို ရုရှား လုံခြုံရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်ခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ နောက်ထပ် ဒဏ်ရာရသူ ၁၅ ဦးလည်း ရှိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။