Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နတ္တလင်းမြို့နယ် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း သာယာဝတီခရိုင် PDF တိုက်ခိုက်

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က နတ္တလင်းမြို့နယ်သို့ စစ်ကူလာသည့် အင်အား ၄၀ခန့်ပါစစ် ကြောင်းကို ဗမာဆင်စွဲရွာနှင့် ပျဥ်းမခေါင်းကျေးရွာကြားတွင် MRF – Nattlin က ပဒေသမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုရှိသည်ဟု ဆိုသည်။

နတ္တလင်းမြို့နယ် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း သာယာဝတီခရိုင် PDF တိုက်ခိုက်
နတ္တလင်းမြို့နယ် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း သာယာဝတီခရိုင် PDF တိုက်ခိုက်

ပဲခူးတိုင်း နတ္တလင်းမြို့နယ်ထဲ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သာယဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)MRF – Nattlin က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က နတ္တလင်းမြို့နယ်သို့ စစ်ကူလာသည့် အင်အား ၄၀ခန့်ပါစစ် ကြောင်းကို ဗမာဆင်စွဲရွာနှင့် ပျဥ်းမခေါင်းကျေးရွာကြားတွင် MRF – Nattlin က ပဒေသမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုရှိသည်ဟု ဆိုသည်။

“စစ်ကူလာတဲ့ စစ်ကြောင်းပါ ခင်ဗျ။ အင်အား ၄၀ ခန့်ပါ ပါတယ်။ အထိုင်စစ်ကြောင်းနဲ့ပေါင်းပြီး ပျဥ်းမခေါင်းရွာထဲ တပ်စွဲထားပါတယ်”ဟု သာယာဝတီခရိုင် PDF တပ် ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အောက်တိုဘာ ၉ ရက်နှင့် ၁၁ ရက်များတွင် ပျဥ်းမခေါင်းအုပ်စု ကရင်ဆင်စွဲကျေးရွာဘက် ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂)နှင့် တပ်ခွဲ (၄)တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ အထိနာခဲ့သည်။

ထို့ကြောင့် တိုက်ပွဲများဖြစ်ပွားရာ ပျဥ်းမခေါင်းအုပ်စုဘက်သို့ စစ်ကောင်စီတပ်က စစ်ကူများတောက်လျှောက်စေလွှတ်နေပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေသောကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ် ရာ ရှောင်တိမ်းနေကြရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

PDFရဲဘော်အချို့လည်း ထိခိုက်သေဆုံးသည်ဟုဆိုပြီး ချောင်းဦး PDFက အသိပေးထားခြင်းမရှိပေ။ ဖြစ်စဥ်နှင့်ပတ်သက်၍ ချောင်းဦး PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ကြာအင်းဆိပ်ကြီးရှိ ခလရ (၃၂) စခန်း တစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်​အောက်ရှိနဂါးနီစစ်ကြောင်းတို့က နှစ်ရက်ဆက်တိုက်ခိုက်ကာသိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

တောပုကျေးရွာသ​ည် မုံရွာခရိုင်အတွင်း ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာရှိ ပျူများသည် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့ဝင်များ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် မှုဖြစ်စဥ်များ၌ ပါဝင်ခဲ့သည်။

သတင်း

"ဒဏ်ရာရတဲ့စစ်သားတွေလည်း ဆေးရုံရောက်မှထပ်ဆုံးတယ်လို့သိရပေမယ့် အတည်ပြုဖို့ ဆက် စုံစမ်းနေပါတယ်"ဟု DDT(ထားဝယ်-ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။