Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်ရှိ သစ်ဆိမ့်ကြီးရွာမှ နေအိမ်၃၀ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်သည် သစ်ဆိမ့်ကြီးရွာရှိ ဒေသခံ ပြည်သူ ခြောက် ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်။

သစ်ဆိမ့်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
သစ်ဆိမ့်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သစ်ဆိမ့်ကြီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(အောက်တိုဘာလ ၁၆ ရက်)ညနေ ၃ နာရီခန့်က ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ အား လက်နက်ကြီးဖြင့်ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာနေအိမ် ၃၄လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ​ဒေသခံများက ပြောသည်။

ထို့အပြင် သစ်ဆိမ့်ကြီးရွာ တောင်ဘက်ရှိ ကူကြီးကျေးရွာမှလည်း နေအိမ် သုံးလုံး မီးရှို့ဖျက်ဆီးသွားကြောင်း၊ ငါးပတ်ချောင်းကျေးရွာမှ ပြည်သူ့ပစ္စည်းအများအပြားကိုလည်း အဓမ္မယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“သစ်ဆိမ့်ကြီးရွာ စခတွေမီးရှို့သွားတာ ညနေ ငါးနာရီကျော်တဲ့ထိ မီးမငြိမ်းဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဝက်လက်နယ်အရှေ့ခြမ်းအား အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။ စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူ များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။

ထိုနေ့ညနေပိုင်းတွင်လည်း ဆင်နင်းကျေးရွာနှင့် ပိတောက်ချုံ ကျေးရွာသို့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပိတောက်ချုံကျေးရွာရှိ နေအိမ် ငါးလုံးနှင့် တဲတစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်သည် သစ်ဆိမ့်ကြီးရွာရှိ ဒေသခံ ပြည်သူ ခြောက် ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက်က ဝက်လက်နယ်အရှေ့ခြမ်းအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၈ရက် နေ့လည် ၁၂နာရီဝန်းကျင်ခန့်က ဝက်လက်မြို့နယ် အရှေ့ခြမ်း NCO သင်တန်းကွင်းအနီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂စီး ဖြင့် ၁၅မိနစ်ခန့် ပစ်ခတ်ခဲ့သည်။

သတင်း

ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ည၇နာရီ၁၅မိနစ်ခန့်က ခင်ဦးမြို့နယ် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာကြားရှိ မူးတိမ်ချောင်းစခန်းမှ သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ငါးလုံးတင်ကျေးရွာနှင့် ချောင်းဦး-ပခုက္ကူလမ်းဘေးရှိ ကျေးရွာများအား အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က ခမရ(၃၆၈)မှ အင်အား ၁၀၀ကျော်ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် တန့်ဆည်နယ် ရွာသစ်ကျေးရွာဘက်သို့ ထွက်လာခဲ့သည်။