Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျောင်းဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

“ဆရာမက ကျောင်းမှာစာသင်ပြီးအပြန် လက်နက်ကြီးထိတာ။ သူ့ အဖြစ်ဆိုးကို သူ့တပည့်လေးတွေလည်း မြင်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ကျည်ထိမှန်သေဆုံးခဲ့သည့် ကျောင်းဆရာမ၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ)
(ကျည်ထိမှန်သေဆုံးခဲ့သည့် ကျောင်းဆရာမ၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်၊ ဓာတ်ပုံ - CJ)

အရပ်သား ၁၀ဦးထက်မနည်းဒဏ်ရာရဟု ဒေသခံများပြော

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့ညနေပိုင်းက ကျေးရွာများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၀ဦးထက်မနည်းဒဏ်ရာရပြီး ကျောင်းဆရာမတစ်ဦးအပါအဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော ယာဥ်တစ်စီးသည် ‌မင်းပြားနှင့်မြေပုံမြို့ကြား တံတားတစ်စင်းအနီးတွင် ယနေ့(အောက်တိုဘာ ၁၇ရက်) နေ့လည် ၁နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

စစ်‌ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA)က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု မြို့ခံအချို့က ပြောသည်။

ထို့နောက် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် (၃၇၉၊ ၃၈၀၊ ၅၄၁) တပ်ရင်းအပြင် ၎င်းတို့တပ်စွဲထားသည့် တောင်ကုန်းပေါ်များမှနေ၍ စစ်ကောင်စီက လက်နက်ကြီးဖြင့် လူနေကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ကျားရဲပြင်၊ ဗူးပင်ကျေးရွာနဲ့ ဖလောင်းပြင်ရွာဖက်ကို ရမ်းသမ်းပစ်နေတာ။ လက်နက်ကြီးကျည်ထိလို့ ၁၀ယောက်‌ထက်မနည်း ဒဏ်ရာရထားတယ်။ ။ အမျိုးသမီးတစ်ယောက်က ဆေးရုံကိုပို့ရင်းလမ်းမှာဆုံးသွားတယ်။ ဆရာမတစ်ယောက်ကတော့ ပွဲချင်းပြီးသေဆုံးတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူနှစ်ဦးမှာ မင်းပြားမြို့နယ်၊ မလောင်းပြင်ကျေးရွာမှ အသက် (၂၃)နှစ်အရွယ် မလှဆန်းယာဉ်နှင့် ထောင့်ချောက်ကြီးကျေးရွာမှ အသက် (၄၉)နှစ်အရွယ် ကျောင်းဆရာမ ဒေါ်မ‌မြစောဖြစ်သည်။

“ဆရာမက ကျောင်းမှာစာသင်ပြီးအပြန် လက်နက်ကြီးထိတာ။ သူ့ အဖြစ်ဆိုးကို သူ့တပည့်လေးတွေလည်း မြင်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေ။ AAကလည်း သတင်းမထုတ်ပြန်သေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသည် ဆိုင်ကယ်၄စီးဖြင့် ကင်းလှည့်လာချိန် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မိနစ် ၂ဝ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

သတင်း

စွဲဆိုထားတဲ့ အမှု ၅ မှု ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန်အတွင်း ကြာအင်းဆိပ်ကြီးဗျူဟာကုန်းမှ လက်နက်ကြီး(၁၂၀ မမ)ဖြင့် တရစပ်ပစ်ကူပေးနေသောကြောင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်များအနေဖြင့် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု နဂါးနီစစ်ကြောင်းကဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ ရက် က မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ကျေးရွာ၊ ကျားပစ်ကန် အနောက်ဘက်ရှိ စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ခဲ့သည်။