Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူ ရှင်းလင်းရေးသွားသည့် ဗိဿနိုးတပ်နှင့် စစ်ကောင်စီအဖွဲ့ ပစ်ခတ်မှုဖြစ်

စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသည် ဆိုင်ကယ်၄စီးဖြင့် ကင်းလှည့်လာချိန် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မိနစ် ၂ဝ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

သိမ်းဆည်းနိုင်ခဲ့သည့် စစ်ကောင်စီတပ်သားများ၏ သေနတ်နှစ်လတ်၊ ဓာတ်ပုံ-ဗိဿနိုး
သိမ်းဆည်းနိုင်ခဲ့သည့် စစ်ကောင်စီတပ်သားများ၏ သေနတ်နှစ်လတ်၊ ဓာတ်ပုံ-ဗိဿနိုး

▪️စစ်ကောင်စီတပ် ဖွဲ့ဝင် လေးဦးသေဆုံးပြီး လက်နက်နှစ်လတ်သိမ်းဆည်းနိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပျူစောထီးများအား သွားရောက်ရှင်းလင်းရန်ထွက်လာသည့် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ကင်းလှည့် စစ် ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး လက်နက်နှစ်လတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၆ရက်) ညပိုင်းကဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ဂဠုန်တပ်ဖွဲ့(နတ်မောက်)တို့ပူးပေါင်းကာ ပျူစောထီးရှင်းလင်းရန် ထွက်လာစဥ် ည ၉ နာရီခွဲခန့်တွင် နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသည် ဆိုင်ကယ်၄စီးဖြင့် ကင်းလှည့်လာချိန် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မိနစ် ၂ဝ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

Public Service Announcement
Public Service Announcement

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ဒလန်ရှင်းလင်းရေးအတွက် အဲဒီနယ်မြေကို သွားတာပေါ့နော်။ အဲဒီမှာ ​​​​​​ွေးကင်းပတ်တာနဲ့တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ကျွန်တော်တို့ဘက်က ရဲဘော်က အနည်းငယ်ထိခိုက်မှု ရရှိခဲ့ပါတယ်။ ထိရှပ်ဒဏ်ရာပေါ့။ သူတို့က လှည့်ပြေးတာ။ သေတဲ့​ွေးဆိုင်ကယ်ကတော့ အန္တရာယ်များလို့ မယူခဲ့နိုင်ဘူးဗျ။”ဟု ပြောကြားသည်။

စစ်ကောင်စီတပ်ဘက်က လေးဦးသေဆုံးပြီး သေနတ်၂ လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြို့သစ်မြို့နယ်၊ ကနီကျေးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အကြီးတန်းတာဝန်ခံအပါအဝင် ရဲဘော် ၆ ဦးကျဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ မိုင်းစစ်ဆင်ရေးတွင် မြောင်အမျိုးသမီးစစ် သည်တော်တပ် (M2W)မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းများအသုံးပြုခဲ့သည်ဟု ကိုနွေဦးကပြောသည်။

သတင်း

စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီတပ်စွဲထားသော ကယန်းသာယာလမ်းခွဲတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်မှ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

"ဆရာမက ကျောင်းမှာစာသင်ပြီးအပြန် လက်နက်ကြီးထိတာ။ သူ့ အဖြစ်ဆိုးကို သူ့တပည့်လေးတွေလည်း မြင်လိုက်ရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စွဲဆိုထားတဲ့ အမှု ၅ မှု ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။